နေပြည်တော် စည်ပင်ကော်မတီ တောင်သူတွေ ကို မြေလျော်ကြေးပေး
ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က လမ်းဖောက်လုပ်ဖို့နဲ့ ဝန်ထမ်းအိမ်ယာတည်ဆောက်ဖို့ သိမ်းဆည်းခဲ့တဲ့ နေပြည်တော်ကောင်စီအတွင်းက လယ်ယာမြေဧက ၅၀ နီးပါး အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီက လျော်ကြေးငွေစုစုပေါင်း ၅၀၀ ကျော်ကို ဒီနေ့ တောင်သူတွေထံ ပေးအပ်ခဲ့ပါတယ်။
-
2018-04-09 -
-
-
ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က လမ်းဖောက်လုပ်ဖို့နဲ့ ဝန်ထမ်းအိမ်ယာတည်ဆောက်ဖို့ သိမ်းဆည်းခဲ့တဲ့ နေပြည်တော်ကောင်စီအတွင်းက လယ်ယာမြေဧက ၅၀ နီးပါးအတွက် နေပြည်တော် စည်ပင်သာယာရေးကော် မတီက လျော်ကြေးငွေစုစုပေါင်း ၅၀၀ ကျော်ကို ဒီနေ့ တောင်သူတွေထံ ပေးအပ်ခဲ့ပါတယ်။
ဒက္ခိဏသီရိမြို့နယ်က လမ်းဖောက်လုပ်ရာမှာ ပါဝင်ခဲ့တဲ့ တောင်သူ ၃ ဦးရဲ့ လယ်မြေ ၂ ဧကနီးပါးအတွက် လျော်ကြေး ၃၈ သိန်းကျော်နဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ဝန်ထမ်းအိမ်ယာ တည်ဆောက်စဉ်က တောင်သူ ၁၈ ဦးရဲ့ ယာမြေ ၄၇ ဧကအတွက် ကျပ် ၄၆၈ သိန်းကျော် စုစုပေါင်း သိန်း ၅၀၀ ကျော် ပေးအပ်ခဲ့တာဖြစ်ပါတယ်။
လယ်မြေတစ်ဧကကို သိန်း ၃၀၊ ဒုတိယတန်းစား လယ်မြေတစ်ဧကကို သိန်း ၂၀၊ တတိယတန်းစား မြေတစ်ဧကကို ၁၀ သိန်း၊ ယာမြေကို ၁၅ သိန်းဆိုပြီး သတ်မှတ်ကာ လျော်ကြေးပေးခဲ့တာဖြစ်တယ်လို့ နေပြည်တော် စည်ပင် သာယာရေးကော်မတီဝင်တွေက ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် သီးနှံလျော်ကြေးတွေကိုလည်း ထိုက်သင့်တဲ့ဈေးနှုန်းနဲ့ ပေးတယ်လို့ ဆိုပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ လယ်ယာမြေအမှုပေါင်း ၃၃၀ ကျော်ရှိတဲ့အထဲက ၈၀ ကျော် ဖြေရှင်းပေးပြီး အခုနှစ်မှာ မြေယာလျော်ကြေး သိန်းတစ်ထောင်နဲ့ လာမယ့်နှစ်အတွက် သိန်း ငါးထောင် လျာထားတယ်လို့ သိရပါတယ်။