နေပြည်တော်အတွက် သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကို လျော်ကြေးပြန်ပေး

နေပြည်တော်တည်ဆောက်စဉ်က သိမ်းယူရာမှာ ပါဝင်ခဲ့တဲ့ လယ်ယာမြေတွေ ၃၈ ဧကအတွက် လယ်ယာမြေလျော်ကြေး ၃၉ သန်းကျော်ကို တောင်သူ ၁၅ ဦးကို နေပြည်တော်ကောင်စီက ဒီကနေ့ပေးအပ်ခဲ့ပါတယ်။

နေပြည်တော်မှ ကြိုဆိုပါ၏ ဆိုင်းပုဒ်ကို တွေ့ရစဉ် .

နေပြည်တော်တည်ဆောက်စဉ်က သိမ်းယူရာမှာ ပါဝင်ခဲ့တဲ့ လယ်ယာမြေတွေ ၃၈ ဧကအတွက် လယ် ယာမြေလျော်ကြေး ၃၉ သန်းကျော်ကို တောင်သူ ၁၅ ဦးကို နေပြည်တော်ကောင်စီက ဒီကနေ့ပေးအပ်ခဲ့ပါတယ်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက မြေယာလျော်ကြေးနဲ့ သီးနှံလျော်ကြေး ပေါင်းပြီး အခုလို ပေးအပ်တာဖြစ်တယ်လို့ ပြောပါတယ်။

"စောစောကပြောထားတဲ့ ၁ ဧက ၁ဝ သိန်းနှုန်းဖြစ်တဲ့အတွက် သီးနှံလျော်ကြေးနဲ့ပေါင်းမှလေ သိန်းပေါင်း ၃၉ဝ ကျနော်တို့ ပေးတာပါ"

နေပြည်တော် တည်ဆောက်စဉ်က သိမ်းယူခံခဲ့ရတဲ့ လယ်ယာမြေနဲ့ သစ်တောမြေမှာ စိုက်ပျိုးရေးလုပ်ထားတဲ့ သစ်တောကျူးမြေတွေအတွက် ဒီကနေ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှာ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်က လျော်ကြေးပေးအပ်ခဲ့တာပါ။

လျော်ကြေးငွေကိုလည်း ယခင်က သုံးသိန်းခွဲနှုန်းပေးပေမယ့် ယခုတဧကကို ၁ဝ သိန်းနဲ့ သီးနှံပေါ်မူတည်ပြီး လည်း လျော်ကြေးပေးအပ်တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွက် လယ်ယာမြေလျော်ကြေးအတွက် ဘက်ဂျက် သန်း ၁၀၀ လျာထားတယ်လို့လည်းသိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org