ကြွေးကျန်လစာ ကျပ်သိန်း ၃၇၀ ဘောလုံးသမား များ တောင်းခံ

အားကစားဝန်ကြီးဌာနလက်အောက်မှာရှိ တဲ့ နေပြည်တော်ဘောလုံးလူငယ်အသင်း နဲ့ နေပြည်တော်ဖူဆယ် ဘောလုံးအသင်းတို့ကို အသင်း ပိုင်ရှင်က ပေးဖို့ကျန်နေတဲ့ လစာငွေ ကျပ်သိန်း ၃၇၀ ကို တစ်လအတွင်းထုတ်ပေးဖို့ နည်းပြနဲ့ အားကစားသမားတွေ က ဒီနေ့ တောင်းဆိုလိုက်ကြပါတယ်။

နေပြည်တော် ဘောလုံးလူငယ်အသင်းနဲ့ ဖူဆယ်ဘောလုံး အသင်းပိုင်ရှင် ပေးဖို့ကျန်နေတဲ့ လစာငွေကိစ္စ နည်းပြဟောင်း နဲ့ အားကစားသမားတွေ MJN ရုံးမှာ သြဂုတ်လ ၂၃ ရက်နေ့ က သတင်းစာရှင်းလင်းစဉ် Photo: Wai Yan Moe Myint/ RFA

အားကစားဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ နေပြည်တော်ဘောလုံး လူငယ်အသင်း နဲ့ နေပြည်တော် ဖူဆယ်ဘောလုံးအသင်းတို့ကို အသင်း ပိုင်ရှင်က ပေးဖို့ကျန်နေတဲ့ လစာငွေ ကျပ်သိန်း ၃၇၀ ကို တစ်လအတွင်း ထုတ်ပေးဖို့ နည်းပြနဲ့ အားကစား သမားတွေက ဒီနေ့ တောင်းဆိုလိုက်ကြပါတယ်။

ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး  သူတို့ရဖို့ကျန်ရှိနေတဲ့ လစာငွေတွေအကြောင်း နေပြည်တော် ဖူဆယ်ဘောလုံး အသင်းနည်းပြ ဦးနိုင်ဝင်းက  အခုလို ပြောဆိုပါတယ်။

"မနှစ်ကကန်တဲ့ လူငယ်အသင်း သူတို့ကို ၂ဝ၁၃ ပွဲပြီးတော့ ပြန်လွှတ်လိုက်ပြီးတော့ ၄ လစာကို မပေးတာ၊ နေပြည်တော် ဖူဆယ်အသင်းက ၁ လပိုင်းကနေ ၇ လပိုင်းအထိမရဘူး၊ ကြားထဲမှာ ၁ သိန်းခွဲပေးထားတယ်၊ အဲဒီကြားထဲမှာ ကျနော်တို့ ၂ဝ၁၃၊ ၇ လပိုင်းမှာ စာချုပ်ပြည့်သွားတယ်၊ ကျနော်က ကစားသမားတွေ လစာမရတဲ့ဟာကို ပြောတဲ့အတွက် ဘာအကြောင်းပြချက်မှမရှိပဲနဲ့ ကျနော့်ကို ငွေကြေး အလွဲသုံးစားလုပ်တယ်၊ အုပ်ချုပ်သူတစ်ယောက် စောင့်ထိန်းရမယ့်ဟာကို မစောင့်ထိန်းဘူးဆိုပြီး တစ်ဘက်သတ် အသင်းကနေထုတ်လိုက်တယ်"

နေပြည်တော်ဖူဆယ် လူငယ်ဘောလုံးအသင်းက အားကစားသမား ၂၃ ယောက်အတွက် ဒီနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လစာ၊ လစာငွေ သိန်း ၁ ရာနီးပါးနဲ့ နေပြည်တော် ဖူဆယ်အသင်းအတွက် နည်းပြနဲ့ အားကစားသမား ၁၅ ယောက်အတွက် ဒီနှစ်ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လအတွက် လစာငွေ သိန်း ၂၇၀ ကျော် မရသေးကြောင်း ပြောပါတယ်။

နေပြည်တော်ဘောလုံးအသင်းကို အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းရဲ့သား ဦးဖြိုးကိုကိုတင့်ဆန်းက တည်ထောင်ထားတာလို့ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org