NDF ပါတီဝင် ၄၅ ဦး နှုတ်ထွက်စာ တင်သွင်း

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ရဲ့ တောင်ဒဂုံမြို့နယ် ပါတီဝင် ၄၅ ဦး ပါတီက နှုတ်ထွက်သွားကြောင်း ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက အာအက်ဖ်အေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ကာ ရွေးကောက်ပွဲ ဝင်ရောက်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ မန္တလေးရုံးခွဲ ဖွင့်ပွဲကို သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

နှုတ်ထွက်သွားသူတွေဟာ NDF ကနေ ပါတီဝင်အဖြစ် ထုတ်ပယ်လိုက်တဲ့ သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်နဲ့ နီးစပ်သူတွေ ဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ဆိုပါတယ်။

အရင်တုန်းက ဦးသိန်းညွန့် စုဆောင်းထားတဲ့ ပုဂ္ဂိုလ်တယောက် ထွက်သွားတဲ့ကိစ္စပါ။ ရပ်ကွက်အလိုက် ကြည့်မယ်ဆိုရင်တော့ လမ်းနှစ်လမ်းထဲမှာ ရှိတဲ့ အဖွဲ့ဝင်တွေ ထွက်သွားတာဆိုတော့ ဦးသိန်းညွန့် စုစည်းထားတဲ့လူတွေ ဦးသိန်းညွှန့်နောက် လိုက်သွားတဲ့သဘောလို့ တွက်နိုင်ပါတယ်။ ဒါပေမယ့် လူ ၄ဝ လောက် ထွက်သွားတာနဲ့တော့ NDF ကို ဘာမှ ထိခိုက်လောက်တဲ့ အကြောင်း မရှိပါဘူး။ မှာ ယုံကြည်ချက်နဲ့ ဝင်တဲ့လူတွေ အများကြီး ရှိပါတယ်။ အဲတော့ ပုဂ္ဂိုလ်ရေးကြောင့် ဝင်တဲ့လူတွေ ထွက်တာမျိုးကိုတော့ ပြဿနာ တရပ် လုပ်ပြီး စဉ်းစားသွားမှာ မဟုတ်ပါဘူး။

ဒါနဲ့ ပတ်သက်လို့ ဦးသိန်းညွန့်က တစုံတရာ မှတ်ချက်ပေး ပြောဆိုစရာ မရှိဘူးလို့ အာအက်ဖ်အေကို ပြောပါတယ်။ ဦးသိန်းညွန့်ဟာ NDF ပါတီနဲ့ လမ်းခွဲပြီးနောက် သူနဲ့အတူ NDF ပါတီဝင်ဟောင်း၊ လွှတ်တော်အမတ် ၄ ဦးတို့ဟာ နိုင်ငံရေးပါတီသစ်တခုကို ပြီးခဲ့တဲ့လပိုင်းက ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။

အခု ပါတီကနေ ထွက်စာတင်သူတွေကတော့ NDF ရဲ့ သဘောထားနဲ့ လုပ်ငန်းစဉ်တွေကို မယုံကြည်တာကြောင့်လို့ ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org