အာဏာသိမ်း တစ်နှစ်ကျော်အတွင်း အမျိုးသမီးနဲ့ ကလေးသူငယ် ၂၉၀ နီးပါး သေဆုံး

အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကြောင့် လူပေါင်း ၁၆၇၃ ဦး သေဆုံးခဲ့ရပြီး အဲဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၂၈၉ ဦး သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္ခသည် မိသားစုအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်

အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကြောင့် လူပေါင်း ၁၆၇၃ ဦး သေဆုံးခဲ့ရပြီး အဲဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၂၈၉ ဦး သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းချိန်ကစလို့ ဧပြီလ ၁၁ ရက်နေ့ထိ သေဆုံးမှုတွေထဲမှာ အမျိုးသမီး ၁၅၆ ဦး၊ ကလေးသူငယ်က ၁၃၃ ဦး ပါဝင်နေတာပါ။ ဒါဟာ သေဆုံးသူတွေထဲအားလုံးရဲ့ ၁၇ ရာခိုင်နှုန်း လောက် ပါဝင်နေတာပါ။

သေဆုံးသူတွေထဲမှာ အများဆုံးကတော့ လူငယ်တွေဖြစ်ကြပြီး ၇၈၂ ဦးထိ ပါဝင်ပါတယ်။ ဒါဟာ သေဆုံးသူတွေအားလုံးရဲ့ ထက်ဝက်နီးပါး အရေအတွက်လည်း ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီး၊ ကလေးသူငယ်နဲ့ လူငယ်တွေဟာ အများစုက စစ်ကိုင်းတိုင်းက ဖြစ်တယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက စာရင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီစာရင်းတွေဟာ သူတို့လိုရာဆွဲပြီး ထုတ်ပြန်နေတဲ့ စာရင်းတွေဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

အာဏာသိမ်းနောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်း၊ ချင်းနဲ့ ကယားပြည်နယ်တွေမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပြီး စစ်ဘေးဒဏ် ကို အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုမိုခံစားနေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org