သတင်းစာဆရာ ဒန်နီဖန်းစတားကို ထောင်ဒဏ်ချမှတ်တဲ့အပေါ် အမေရိကန်ပြင်းပြင်းထန်ထန် ရှုတ်ချ

အမေရိကန်နိုင်ငံသား သတင်းသမား Danny Fenster ကို မြန်မာစစ်ကောင်စီက ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ဒါဟာ အပြစ်မရှိသူတစ်ဦးအပေါ် မတရားတဲ့ စီရင်ဆုံးဖြတ်ချက် ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က ပြောပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့က သမ္မတအိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ တွေ့ရသော အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price။ File Photo: Reuters

အမေရိကန်နိုင်ငံသား သတင်းသမား Danny Fenster ကို မြန်မာစစ်ကောင်စီက ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ဒါဟာ အပြစ်မရှိသူတစ်ဦးအပေါ် မတရားသဖြင့် စီရင်ဆုံးဖြတ်ချက် ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က ပြောပါတယ်။

အခြေအနေကို မိမိတို့ အနီးကပ်စောင့်ကြည့်နေပြီး Danny Fenster ကို ချက်ချင်းလွှတ်ပေးရေးအတွက် ဆက်ပြီး လုပ်ဆောင်သွားမယ့်အကြောင်း၊ သူ့ရဲ့မိသားစုဆီကို ဘေးအန္တရာယ် ကင်းကင်းနဲ့ ပြန်မရောက်မချင်း လုပ်ဆောင်သွားမယ့် အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

သတင်းထောက် Danny Fenster အပါအဝင် လူအများအပြားကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတာဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေနဲ့ ပတ်သက်ပြီး ဝမ်းနည်းဖွယ်ရာ သတိပေးချက်ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတစ်ဦးက RFA ကို အီးမေးလ်ကတဆင့် ဖြေကြားပါတယ်။

သတင်းမီဒီယာလုပ်ငန်းဟာ ရာဇဝတ်မှု မဟုတ်ကြောင်း၊ သာယာဝပြောပြီး၊ ကြံ့ခိုင်တဲ့၊ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့အတွက် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေ မရှိမဖြစ်လိုအပ်ကြောင်း၊ Danny Fenster အပါအဝင် သတင်းထောက်တွေကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းတာ၊ ပြစ်ဒဏ်စီရင်တာ၊ သတင်း မီဒီယာသမားတွေအပေါ် အကြမ်းဖက်တာတွေဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် တိုက်ခိုက်တာဖြစ်ပြီး မိမိတို့အနေနနဲ့ လက်ခံနိုင်စရာမရှိ‌ကြောင်းလည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org