ရခိုင်ကိစ္စ ဒေါ်အောင်ဆန်း စုကြည် ပြော

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်က လတ်တလော ရခိုင်ပြည် နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ဖြေရှင်းသွား မှာဖြစ်ကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး Bert Koenders နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ အောက်တိုဘာလ ၁၂ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ပူးတွဲသတင်းစာရှင်းလင်းစဉ် Photo: Win Naung Toe/ RFA

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ဖြေရှင်းသွားမှာဖြစ်ကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီနေ့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Bert Koenders နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ မှာ သတင်းထောက်တစ်ဦးက ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင် ဆန်းစုကြည်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကျမတို့က အကောင်းဆုံးဖြစ်အောင် ဖြေရှင်းမယ်၊ မျှမျှတတ တရားဥပဒေ စိုးမိုးမှုအောက်မှာ ကျမတို့ အားလုံး လုပ်သွားမယ်၊ ဘာဖြစ်နေလဲဆိုတာ မရှင်းသေးတော့ ဘယ်သူ့ကိုမှ ကျမတို့က စွပ်စွဲမှာမဟုတ်ပါဘူး၊ သေသေ ချာချာ အထောက်အထား ခိုင်လုံတဲ့အခါကျမှ စွပ်စွဲချက်တင်သင့်တယ်လို့ထင်ရင် တင်မှာဖြစ်ပါတယ်"

နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို သုံးရက်ကြာလာရောက်တာဖြစ်ပြီး မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုက္ခသည်စခန်းတွေကို သွားရောက် ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်သာလန်နိုင်ငံအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ နယ်သာလန်နိုင်ငံ က မြန်မာနိုင်ငံအပေါ် ဖွံံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ အကူအညီတွေ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ဖို့တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org