နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် ရောက်မယ်

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Murray McCully ဟာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဖိတ်ကြားချက်အရ ဒီကနေ့ မြန်မာနိုင်ငံကို ၂ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်လာပါမယ်။

မနက်ဖြန် နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်သလို ဗုဒ္ဓဟူးနေ့မှာတော့ ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပါမယ်။

နယူးဇီလန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးဟာ ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲဖြစ်တဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ဆုံကြတာကလွဲလို့ နီးစပ်မှု မရှိပါဘူး။ အခု နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ McCally ခရီးစဉ်ဟာ နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံကို နယူးဇီလန် ဝန်ကြီးတစ်ဦး ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org