၁၅ နိုင်ငံ ကုန်သွယ်ရေး စစ်ကောင်စီနဲ့ လုပ်ဆောင်မှာမဟုတ်ဘူးလို့ နယူးဇီလန် ပြော

နယူးဇီလန်နိုင်ငံဟာ တခြားအနောက်နိုင်ငံတွေနည်းတူ စစ်ကောင်စီနဲ့ စစ်ရေးဆိုင်ရာအပါအဝင် တခြားအဆင့်မြင့်ဆက်ဆံရေးတွေကို ရပ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်

၂ဝ၂၁ ခုနှစ် ဇန်နဝါရီလက ရန်ကုန်မြစ်အတွင်းတွေ့ရသော နိုင်ငံတကာကုန်တင်သင်္ဘောတစ်စင်း။ Photo: AFP

နယူးဇီလန်နိုင်ငံအနေနဲ့ အခုနှစ်ကုန်မှာ စတင်အသက်ဝင်မယ့် ၁၅ နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်စာချုပ်ပါ သဘောတူညီချက်တွေကို မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီနဲ့ လုပ်ဆောင်ဖို့ မရှိဘူးလို့ မနေ့က ပြောဆိုတဲ့အကြောင်း AP သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

နယူးဇီလန်နိုင်ငံဟာ တခြားအနောက်နိုင်ငံတွေနည်းတူ စစ်ကောင်စီနဲ့ စစ်ရေးဆိုင်ရာ အပါအဝင် တခြားအဆင့်မြင့်ဆက်ဆံရေးတွေကို ရပ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါတွေကို မြန်မာနိုင်ငံမှာ ဖမ်းဆီးထားသူ အားလုံးကို ချက်ချင်းပြန်လွှတ်ပြီး အရပ်သား အစိုးရကို အာဏာပြန်လွှဲပေးဖို့ တောင်းဆိုချက်တွေ မရမချင်း ဆောင်ရွက်မှာ ဖြစ်တယ်လို့ နယူးဇီလန် နိုင်ငံခြားရေးဌာနနဲ့ ကုန်သွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက AP သတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့ သဘောတူ ရေးထိုးထားတဲ့ စာချုပ်ပါ ၁၅နိုင်ငံထဲက ဂျပန်၊ သြစတေးလျနဲ့ တခြားအာဆီယံ ၁၀ နိုင်ငံက နယူးဇီလန်လို ဆောင်ရွက်မှု ရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org