မြန်မာနယ်စပ်အနီး တရုတ် တပ်စခန်းသစ်တွေ တည်ဆောက်

တရုတ် မြန်မာနယ်စပ်နားက ရှမ်းပြည်နယ် မြောက်ပိုင်း မုံဂိုးမြို့ရဲ့တဖက်- တရုတ်နိုင်ငံဖက်ခြမ်း (မန်ဟိုင်း) မှာ တရုတ် ပြည်သူ့လွတ်မြောက်ရေး (PLA) တပ်စခန်းသစ်တွေ တည်ဆောက်နေရာမှာ အခုအခါ ပြီးစီးလုနီးပါး ဖြစ်နေပြီလို့ သတင်း ရရှိပါတယ်။

မူဆယ်္ဘမိြႛအနီး တရုတ်-ူမန်မာ ိံြစိံိုင်ငံနယ်စပ်တြင် စိုက်ထူထားသည့် သတိပေးဆိုင်းဘုတ်။ (Photo: AFP) AFP


တရုတ် (PLA) တပ်စခန်းသစ်တွေ တည်ဆောက်နေတာနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေကို စောင့်ကြည့်နေတဲ့ ကချင် သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက အခုလို ပြောပါတယ်။


"အဲဒီနယ်စပ်မှာ နှစ်အတော်ကြာကြာ တိုက်ခိုက်ရေး တပ်ဖွဲ့တွေ မရှိခဲ့ဘူး။ အခုကျတော့ မြန်မာပြည် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုပေါ်မှာ အဓိက အခြေခံပြီးတော့ ဗမာပြည်မှာ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရတို့ အကြား ပြည်တွင်းစစ်ဖြစ်လာရင် စောင့်ကြည့်နိုင်ဖို့လည်းဖြစ်တယ်။ နောက်တခုက ဗမာပြည် အစိုးရနဲ့ အမေရိကန် အစိုးရတို့ကြားမှာ ဆက်ဆံရေး ပြေလည်သွားလို့ရှိရင်လည်း တရုတ်ပြည်ရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တဲ့ အတွက်ကြောင့် တိုက်ခိုက်ရေး တပ်ဖွဲ့တွေချထားတာလို့ ကျတော်တို့ သိရပါတယ်။"


တရုတ်နိုင်ငံဖက်ခြမ်းမှာ အခုအသစ်ဆောက်လုပ်နေတဲ့ PLA တပ်စခန်းတွေဟာ KIAတပ်မဟာ (၄) စခန်းနဲ့ မိုင် (၂၀) လောက်သာ ဝေးကြောင်း၊ အဲဒီစခန်းဟာ KIA တပ်တွေ တရုတ်နိုင်ငံထဲဖြတ်ပြီး ကချင်ပြည်နယ်ဖက်ကို ကူးသန်း သွားလာဖို့ လွယ်ကူတဲ့ လမ်းကြောင်းတခု ဖြစ်သလို၊ UWSA ဝတပ်ဖွဲ့တွေနဲ့ ရှမ်းပြည် တပ်မတော်တို့ အဓိက အသုံးပြုနေတဲ့ လမ်းကြောင်းလည်း ဖြစ်ကြောင်း ကိုနော်ဒင်းက ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ် စစ်ရေးလေ့လာသူတွေကတော့ တရုတ် မြန်မာနယ်စပ် မတည်မငြိမ် ဖြစ်လာမှာကို တရုတ်က မလိုလားတာကြောင့် အခုလို တရုတ် ရှေ့တန်းတပ်တွေ လာချထားတာဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org