သတင်းဌာနတွေ ကျင့်ဝတ် လိုက်နာဖို့ ကော်မရှင်သတိပေး
သတင်းဌာနတွေအနေနဲ့ မိမိတို့ရဲ့သိက္ခာ ကိုလေးစားပြီး မီဒီယာကျင့်ဝတ်တွေနဲ့ အညီ ရေးသားထုတ်လွှင့်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၈ ရက် မနေ့က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
-
2015-10-19 -
-
-
သတင်းဌာနတွေအနေနဲ့ မိမိတို့ရဲ့သိက္ခာကိုလေးစားပြီး မီဒီယာကျင့်ဝတ်တွေနဲ့အညီ ရေးသားထုတ်လွှင့်ကြ ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၈ ရက် မနေ့က ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
အဲ့ဒီ ကြေညာချက်ထဲမှာ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာ ပြည်ခိုင်ဖြိုးပါတီက ငွေပေးပြီး မဲဆွယ်စည်းရုံးတာတွေ ရှိနေကြောင်း မှတ်ပုံတင်တွေ တောင်းယူကြောင်း စသဖြင့် ထုတ်လွှင့်ခဲ့တယ်ဆိုပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က သတိပေးလိုက်တာဖြစ်ပါတယ်။
ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က လှိုင်သာယာမြို့နယ်မှာ နေထိုင်သူ ကိုအောင်ဆိုသူနဲ့ အင်တာဗျူးထုတ်လွှင့်တာ လို့ ကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် သတင်းဌာနတွေအနေနဲ့ ဘက်မလိုက်ဘဲ တိကျမျှတတဲ့ သတင်းတွေကိုသာ ထုတ်လွှင့်သင့်ကြောင်း၊ မမှန်ကန်တဲ့ ဘက်လိုက်တဲ့ သတင်းထုတ်လွှင့်ချက်တွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို ထိခိုက်လာနိုင်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
ပါတီတွေအနေနဲ့ ရွေးကောက်ပွဲမှာ ငွေပေးမဲဆွယ်ရင် ရွေးကောက်ဥပဒေတွေအရ ထောင်ဒဏ်ချမှတ် ခံရနိုင်သလို ငွေဒဏ်လည်း ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။