ကုလနဲ့ကန် တွေ့ရှိချက်တူညီဟု နစ်ကီဟေလီပြော

မနေ့ကကျင်းပတဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley နစ်ကီဟေလီက... အမေရိကန် နိုင်ငံခြားရေးဌာန စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိရတာတွေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေ ထုတ်ပြန်တဲ့ အစီရင်ခံစာပါ အချက်အလက်တွေ ကိုက်ညီနေတယ်လို့ ပြောကြားလိုက်ပါတယ်။

ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကို တွေ့ရစဉ် Photo: DOMINICK REUTER / AFP

မနေ့ကကျင်းပတဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley နစ်ကီဟေလီက... အမေရိကန် နိုင်ငံခြားရေးဌာန စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိရတာတွေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေ ထုတ်ပြန်တဲ့ အစီရင်ခံစာပါ အချက်အလက်တွေ ကိုက်ညီနေတယ်လို့ ပြောကြားလိုက်ပါတယ်။

တဆက်တည်းမှာပဲ အမေရိကန်သံအမတ်ကြီး Nikki Haley က အီးယူ- ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံက မြန်မာစစ်တပ်အရာရှိတွေကို အရေးယူခဲ့သလို အမေရိကန်ဘဏ္ဍာရေးဌာနကလည်း လူမျိုးစုရှင်းလင်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မှုအတွက် မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေက အမိန့်ပေးကွပ်ကဲသူ ၅ ဦးအပြင် ပြစ်မှုကျူးလွန်ခဲ့တဲ့ တပ်မ ၂ ခုကို ဒီလအစောပိုင်းမှာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်လို့ ပြောသွားပါတယ်။

Nikki Haley က လူမျိုးတုံးသတ်ဖြတ်မှု genocide ဆိုတဲ့ အခေါ်အဝေါ်ကို မသုံးနှုန်းပေမယ့် နိုင်ငံခြားရေးဌာနက ရိုဟင်ဂျာမွတ်ဆလင် တစ်ထောင်ကျော်ကို စစ်တမ်းကောက်ရာမှာ သတ်ဖြတ်ခံရတာကို ၈၂ % က မျက်ဝါးထင်ထင် တွေ့ခဲ့ရပြီး မုဒိမ်းကျင့်တာ ၄၅ % နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ထက်ဝက်ကျော်က မျက်မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ နောက်ဘာလုပ်ရမလဲ ဆိုတာနဲ့ ဘယ်လို အရေးယူနိုင်မလဲဆိုတာကို တကမ္ဘာလုံးက စောင့်ကြည့်နေတယ်လို့လည်း ပြောသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org