ရာဇဝတ်ဂိုဏ်းတွေရဲ့ လိမ်လည်ခံရသူ အိန္ဒိယနိုင်ငံသားကိုးဦး နေရပ်ပြန်

လိမ်လည်မှုခံရပြီး မြန်မာကိုရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား ကိုးဦးကို နေရပ်ပြန်ပို့လိုက်တယ်လို့ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ထံ ပြန်ပို့ခဲ့သည့် အိန္ဒိယနိုင်ငံသား ကိုးဦးအား တွေ့ရစဉ်။ Embassy of India, Yangon / Facebook

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ လိမ်လည်မှုခံရပြီး မြန်မာနိုင်ငံရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား ကိုးဦးကို ကယ်ဆယ်ပြီး နေရပ်ပြန်ပို့လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးက ဖေဖော်ဝါရီလ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရန်ကုန်ကနေ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ထံ ပြန်ပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရာဇဝတ်ဂိုဏ်းတွေဟာ အလုပ်အကိုင်အတုတွေ ဖန်တီးကမ်းလှမ်းပြီး အိန္ဒိယနိုင်ငံသား တွေကို လိမ်လည်ခဲ့တာလို့ အိန္ဒိယသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံသားတွေ လွတ်မြောက်အောင်ကူညီပေးခဲ့တဲ့ မြန်မာအာဏာပိုင်တွေကို အသိအမှတ်ပြု ကျေးဇူးတင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ရေးသား ထားပါတယ်။

လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံသား ၃၀၀ ကို ပြန်လည်ကယ်တင်ထားပြီး ကျန်ရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကိုပါ ဆက်လက်ကယ်ထုတ်ဖို့ကြိုးစားနေသလို တစ်ဖက်မှာလည်း နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်တွေမဖြစ်စေဖို့ သံရုံးက အကြံပြုထားပါတယ်။

ရာဇဝတ်ဂိုဏ်းတွေဟာ နည်းပညာကျွမ်းကျင်သူလူငယ်တွေကို အလုပ်အကိုင်တုတွေနဲ့ ပစ်မှတ်ထား စည်းရုံးနေတယ်ဆိုတာကို အိန္ဒိယအစိုးရက အစောပိုင်းကတည်းမှာ ကတည်းက သတိပေးခဲ့ကြောင်း အိန္ဒိယသတင်းဌာနတွေမှာ ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org