ရှစ်လေးလုံး အောက်မေ့ဖွယ် အခမ်းအနား NLD-LA တောင်ကိုးရီယားဌာနခွဲ ကျင်းပ

သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအောက်မေ့ ဖွယ် အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ NLD-LA တောင်ကိုးရီယား ဌာနခွဲကဦးစီးပြီး ဆိုးလ်မြို့က အဲဒီအဖွဲ့ရုံးခန်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

သြဂုတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ NLD-LA တောင်ကိုးရီယားဌာနခွဲက ဦးစီးပြီး ဆိုးလ်မြို့က အဲဒီအဖွဲ့ရုံးခန်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ရှစ်လေးလုံး အရေးတော်ပုံနဲ့ ပတ်သက်တဲ့ ကဗျာပြိုင်ပွဲကျင်းပပြီး ဆုရရှိသူတွေကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ရှစ်လေးလုံးကာလ ဖြတ်သန်းခဲ့ရတာတွေအားလုံးကို အမှတ်တရရှိနေကြောင်း ပြသလိုတဲ့အတွက် ဒီအခမ်းအနားကျင်းပတာဖြစ်တယ်လို့ NLD-LA ကိုးရီးယားဌာနခွဲက ကိုရန်နိုင်ထွန်းက ပြောပါတယ်။

ဒီကနေ့အခမ်းအနားကို တောင်ကိုးရီးယား နိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေအပါအဝင်၊ မြန်မာ့အရေး စိတ်ဝင်စားတဲ့ ကိုးရီးယားနိုင်ငံသား စုစုပေါင်း ၁၅ဝ ကျော်လောက် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

ကဗျာပြိုင်ပွဲမှာ ပြည်တွင်းပြည်ပက ကဗျာဆရာ ၁၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး စုစုပေါင်းကဗျာ ၂၁ ပုဒ်ထဲက ပထမဆုကို ကဗျာဆရာ ခရမ်းပြာထက်လူရေးစပ်တဲ့ “ ၈၈ အရေးတော်ပုံ (သို့မဟုတ်) မဝင်းမော်ဦး အသက် ၁၆ နှစ်"၊ ဒုတိယဆုကို ကဗျာဆရာ နက္ခတ်နီ ရေးစပ်တဲ့ “ ကြောက်တတ်သူများ မဖတ်ရ “ ကဗျာ နဲ့ တတိယဆုကို ကဗျာဆရာမ ‘လရိပ်လေး’ ရေးစပ်တဲ့ “ ပြည်သူ့အသည်းနှလုံး ရှစ်လေးလုံး “ ကဗျာတို့ကို ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။

ဆုရရှိသူအားလုံးဟာ မြန်မာပြည်တွင်းကဖြစ်ကြပြီး ပထမဆုအတွက် အမေရိကန်ဒေါ်လာ ၃ဝဝ၊ ဒုတိယဆုအတွက် ဒေါ်လာ ၂ဝဝ နဲ့ တတိယဆုအတွက် ဒေါ်လာ ၁ဝဝ ကို ဂုဏ်ပြုလွှာနဲ့အတူ ပေးအပ်ချီးမြှင့်ကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org