အင်အယ်လ်ဒီ မှတ်ပုံတင်ရေး ၁၈ ရက်နေ့ ဆုံးဖြတ်မယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီ မှတ်ပုံတင်ရေး မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ဖို့ လာမဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ခေါ်ယူမှာဖြစ်ကြောင်း သိရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရန်ကုန်မြို့၊ ဗဟိုဌာနချုပ် ရုံးရှေ့တွင် စစ်အစိုးရ၏ ရွေးကောက်ပွဲကို ဆန့်ကျင်သော ပိုစတာ ကပ်ထားသည်ကို ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ AFP

နိုဝင်လာလ ၈ ရက် ဒီကနေ့ မနက်ပိုင်း ၁၀ နာရီက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း အတွင်း ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်ဖွဲ့ အစည်းအဝေးကနေ ခုလို ဆုံးဖြတ်ခဲ့တာလို့ အင်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောပါတယ်။

လောလောဆယ်မှာ တည်ဆဲ ဗဟိုဦးစီးအဖွဲ့ဝင် တစ်ရာနဲ့ ခြောက်ဦး ရှိပါတယ်။ ဗဟိုဦးစီး အဖွဲ့ဝင်တွေကို ၂၀၁၀ နှစ်ဦးပိုင်းက ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ပြည်နယ်နဲ့တိုင်း ခေါင်းဆောင်တွေ ညှိနှိုင်းရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မနက် ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊ ဦးအုံးကြိုင်၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းမြင့် စတဲ့ ပုဂ္ဂိုလ်တွေတက်ရောက်ကြတယ်လ့ို သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org