သဘောထားကွဲလွဲမှု မရှိကြောင်း NLD နဲ့ ၈၈ အဖွဲ့တို့ ပူးတွဲထုတ်ပြန်

၈၈ မျိုးဆက် ငြိမ်းချမ်းရေးအဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အကြား သဘော ထားတွေ ကွဲကုန်ကြပြီဆိုပြီး ရေးသားပြော ဆိုနေကြတာဟာ မှားယွင်းကြောင်း ဒီကနေ့ ပူးတွဲကြေညာ ချက်ထုတ်ပြန်ပြော ဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ သြဂုတ်လ ၂၄ ရက်နေ့က ၈၈ မျိုးဆက်အဖွဲ့နဲ့ NLD ပူးတွဲ ကြေညာချက်ထုတ်ပြန်စဉ် Photo: Kyaw Lwin Oo/RFA

၈၈မျိုးဆက် ငြိမ်းချမ်းရေးအဖွဲ့နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား သဘောထားတွေ ကွဲကုန်ကြပြီဆို ပြီး ရေးသားပြောဆိုနေကြတာဟာ မှားယွင်းကြောင်း ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

နှစ်ဘက်လုံးအနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကတည်းက အတူလက်တွဲပြီး လုပ်ဆောင်ခဲ့တာဖြစ်သလို နောက်ဆုံး အထိအတူရှိတယ်ဆိုတာကို ပြည်သူတွေသိစေချင်လို့ အခုလို ကြေညာချက်ထုတ်တာလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့ ပြည်သူလူထုကြားမှာ ဒီ ၈၈ နဲ့ ပတ်သက်ပြီးတော့ NLD နဲ့ သဘောထား တွေကွဲကုန်ပြီ၊ ဘာညာမေးကြ ပြုကြ တာလည်းများနေပါပြီ၊ ဒီအခါမှာ တစ်ကယ် တန်းကျတော့ ၈၈ နဲ့ NLD ဟာ ဘယ်တုန်းကမှ ဒီလိုမဖြစ်ခဲ့ဘူး၊ ဘယ်တုန်းမှလည်း ဒီလိုကွဲပြဲတာမဖြစ်ခဲ့ဘူး၊ နောက်ဆုံး အချိန်ထိ ဒီတိုင်းရှိနေတယ်ဆိုတာကို ကျနော်ပြည်သူလူထုကိုသိစေချင်လို့ ဒါလေးထုတ်တာပါ"

NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်း သားခေါင်းဆောင်တွေ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့က တွေဆုံပွဲအပြီး အခုကြေညာချက် ထုတ်ပြန်လိုက်ကြ တာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့မှကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေကို စောင့်ကြည်ဖော်ထုတ်ဖို့ အပါအဝင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပူးတွဲထုတ်ပြန်လိုက်တဲ့ အဲဒီကြေညာချက်မှာ ပါရှိပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org