ဖွဲ့စည်းပုံဥပဒေပြင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ကြိုးပမ်းမည်

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းတို့ ပူးတွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒီနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီဗဟို အလုပ်မှုဆောင်တွေနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ က တွေ့ဆုံကြစဉ် photo: 88 Facebook

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီနဲ့  ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒီနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

NLD ပါတီဗဟို အလုပ်မှုဆောင်တွေနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေ တွေ ဆုံရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ က RFA ကို ပြောပါတယ်။

ဒီကနေ့ တွေ့ဆုံရာမှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် ဦးဉာဏ်ဝင်း၊ ဦးဝင်းထိန်၊ ဦးဝင်းမြင့် ဒေါက်တာဇော်မြင့်မောင်၊ ဒေါ် နန်းခင်ထွေးမြင့် စတဲ့ NLD ဗဟိုအလုပ်မှုဆောင်တွေနဲ့ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင် ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေးနဲ့ မနီလာသိန်းတို့ ပါဝင်ခဲ့ပါတယ်။

ပူးတွဲကြေညာချက်နဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org