NLD ကြေညာချက် ပြင် ဆင်ဖြတ်တောက် ဖြန့်ဝေခံရ
မန္တလေးမြို့က ဆူုပူမှုပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ထုြတ်ပန်ကြေညာချက် ကို ပြုပြင်ဖြတ်တောက်ကာ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရဲသွေးဆိုတဲ့အမည်နဲ့ လိမ်လည်ဖြန့်ဖြူးခဲ့တဲ့ ကိစ္စကို အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးစုံစမ်းဖော်ထုတ် အရေးယူပေးဖို့ NLD က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
-
2014-07-07 -
-
-
မန္တလေးမြို့က ဆူုပူမှုပဋိပက္ခတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ထုြတ်ပန်ကြေညာ ချက်ကို ပြုပြင်ဖြတ်တောက်ကာ Facebook လူမှု ကွန်ရက်စာမျက်နှာမှာ ရဲသွေးဆိုတဲ့အမည်နဲ့ လိမ်လည်ဖြန့်ဖြူးခဲ့တဲ့ကိစ္စကို အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးစုံစမ်းဖော်ထုတ် အရေးယူပေးဖို့ NLD က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက် ပါတယ်။
မန္တလေးမြို့မှာ လူစုလူဝေးဖြစ်ပေါ်ခဲ့တဲ့အတွက် NLD က ဇူလိုင်လ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ အဲဒီကြေညာချက်ကို ပြုပြင်ဖြတ်တောက်ပြီး ဘာသာရေး၊ လူမျိုးရေး ရန်မီးပွားအောင် လှုံ့ဆော်ခြင်း၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်ခြင်း စတဲ့အချက်တွေ ကို ထည့်သွင်းထုတ်ပြန်ခဲ့ကြောင်း၊ ဒီကိစ္စဟာ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၁၇ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းဥပဒေပုဒ်မ ၃၄ (က) တို့နဲ့ ငြိစွန်းနေကြောင်းနဲ့ ပြည်သူပြည်သားတွေအနေနဲ့ လည်း ထင်ယောင်ထင်မှားဖြစ်စေတဲ့အတွက် ဒီလို ဥပဒေကျူးလွန်မှုကို ထိထိရောက်ရောက် အရေးယူပေးဖို့ NLD က ဖေါ်ပြထားပါတယ်။
ဒါ့အပြင် ဆူပူလှုံ့ဆော်ကြတဲ့နေရာဝန်းကျင်မှာ လုံခြုံရေးအဖွဲ့တွေ ရှိပေမဲ့လည်း ထိန်းသိမ်းခြင်းမရှိခဲ့တာတွေ၊ ‘သွေးရိုးသားရိုးဖြစ်ရပ် မဟုတ်ကြောင်း’ ထင်ရှားတဲ့ အချက်တွေနဲ့ ဒီဖြစ်စဉ်တွေဟာ မိတ္ထီလာပဋိပက္ခနဲ့ လွန်စွာ ဆင်တူယိုးမှားရှိပါကြောင်း စတဲ့ အချက်တွေကိုလည်း လိမ်ညာဖော်ပြထားတယ်လို့ ဆိုပါတယ်။