ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်ကို သတိထားစောင့်ကြည့်မယ်လို့ NLD ပါတီပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ်က မဲဆန္ဒနယ်ကို သတိထားစောင့်ကြည့်ရမယ်လို့ ပါတီဗဟို သုတေသနအဖွဲ့က ပြောလိုက်ပါတယ်။

ဦးမျိုးရန်နောင်သိမ်း ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ အတူ တွေ့ရစဉ် Photo: Myo Yan Naung Thein

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ်က မဲဆန္ဒနယ်ကို သတိထားစောင့်ကြည့်ရမယ်လို့ ပါတီဗဟို သုတေသနအဖွဲ့က ပြောလိုက်ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ အပြောင်းအလဲကို မလိုလားတဲ့ အရာရှိကြီးတွေရှိနေကြောင်းနဲ့ ဆိပ်ကမ်းမြို့နယ် ဟာလည်း ဝန်ထမ်းတွေ အများစုနေထိုင်ကြတဲ့နေရာဖြစ်တဲ့အတွက် သတိထားစောင့်ကြည့်ရမယ်လို့ NLD ပါတီဗဟို သုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်း က RFA ကို ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုင်တွယ်ဆောင်ရွက်မှုတွေကိုလည်း စောင့်ကြည့်သွားရမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ကွင်းဆင်းပြီး အခြေအနေဘက်ပေါင်းစုံကို သုတေသနပြုလုပ်ချက်တွေအရ ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD ပါတီရှုံးခဲ့တဲ့ ရှမ်းပြည်နယ်ကတော့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိနိုင်ချေရှိကြောင်းနဲ့ မနိုင်ခဲ့ရင်တောင် လူထုထောက်ခံမှုတက်လာမယ်လို့ ခန့်မှန်းကြောင်းလည်း ဦးမျိုးရန်နောင်သိမ်း က ပြောပါတယ်။

ဘာသာစကား နားလည်မှုအားနည်းတာနဲ့ ဖိအားတွေရှိနေတာကြောင့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ရှမ်းနဲ့ ရခိုင်ဒေသတွေမှာ NLD ပါတီ အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org