NLD ပါတီကိုယ်စားလှယ်ရဲ့ ပိုစတာတွေ ဖျက်ဆီးခံရ
ပုသိမ်ခရိုင် မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောင်းမြမြို့နယ်က ယှဉ်ပြိုင်အရွေးခံမယ့် NLD ပါတီကိုယ်စားလှယ် ဦးမန်းဂျော်နီရဲ့ပုံ ဗီနိုင်းပိုစတာတွေ ဖျက်ဆီးခံရကြောင်း သိရှိရပါတယ်။
-
2012-03-19 -
-
-
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်ဒေသခံ ပြည်သူများက ကြိုဆိုနေစဉ်။
RFA
အခုလို ပိုစတာတွေ ဖျက်ဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို မြောင်းမြမြို့နယ် NLD ပါတီက တိုင်ကြားထားတယ်လို့ ဧရာဝတီတိုင်း NLD လူငယ်အဖွဲ့ဝင် ကိုစခင်ဇော်လင်းက ပြောပါတယ်။
NLD ပါတီအနေနဲ့ ဧရာဝတီတိုင်းမှာ စည်းရုံးရေးအခြေအနေ အားရစရာ ကောင်းတယ်လို့လည်း သူကပြောပါတယ်။ ဧရာဝတီတိုင်း လူငယ်အဖွဲ့တွေကလည်း စည်းရုံးရေး အထောက်အကူအနေနဲ့ NLD ကို မဲပေးကြဖို့ စည်းရုံးတဲ့ သီချင်းခွေကို မကြာခင် ဖြန့်ချိတော့မယ်လို့ ပြောပါတယ်။
မြောင်းမြမြို့နယ်မှာ NDF ပါတီက ဦးအောင်မျိုးလှိုင်၊ ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ NLD ပါတီက ဦးမန်းဂျော်နီတို့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ် ။