တပ်မိသားစုဝင်တွေကို မဲဆွယ်ခွင့်ပေးဖို့ NLD ကိုယ်စားလှယ်လောင်းတင်ပြ
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ်မှာရှိတဲ့ တပ်မိသားစုဝင်တွေကို မဲဆွယ်စည်းရုံးခွင့်ပေးဖို့အတွက် နေပြည်တော်တိုင်းစစ်ဌာန ချုပ်ထံ တင်ပြထားတယ်လို့ အန်အယ်လ်ဒီပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရည်မွန်က ပြော ပါတယ်။
-
2015-10-24 -
-
-
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ တပ်မိသားစုဝင်တွေကို မဲဆွယ်စည်းရုံးခွင့်ပေးဖို့ အတွက် နေပြည်တော်တိုင်းစစ်ဌာနချုပ်ထံ တင်ပြထားတယ်လို့ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရည်မွန်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပုဗ္ဗသီရိမြို့နယ်မှာ မဲဆွယ်ခွင့် ပြုထားပေမယ့် တပ်မိသားစုဝင်တွေကို မဲဆွယ်ဖို့ အခက်အခဲရှိနေတယ်လို့ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရည်မွန် က ပြောပါတယ်။
"တပ်မိသားစုရပ်ကွက်တွေက သူ့သီးခြားဝင်းနဲ့ နေတာမျိုးဖြစ်နေတယ်ဗျာ၊ အနည်းဆုံး လက်ကမ်းကြော်ငြာဖြန့်ဝေ တာမျိုး လုပ်ချင်တယ်ပေါ့ဗျာ၊ ဝင်းထဲအထိဝင်ပြီး လုပ်ခွင့်ရ မရ ဆိုတာကတော့ ကျနော်တို့မသိရသေးဘူး၊ အခုချိန် အထိတော့ ကျနော်တို့ကို ပြန်မဆက်သွယ်သေးဘူး၊ ကျနော်တို့က ပြန်သွားပြီး ခွင့်ပြုနိုင်မလား ပြန် ပြီးမေးမြန်းဆွေးနွေးတာတော့ လုပ်ဖို့အစီအစဉ်ရှိတယ်"
နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ ပြီးခဲ့တဲ့တပတ်က စာပေးပို့ထားပေမယ့် အခုချိန်အထိ အကြောင်း မပြန်သေးတာကြောင့် တွေ့ဆုံခွင့်တောင်းထားတယ်လို့ သိရပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ နေထိုင်ကြတဲ့ အစိုးရဝန်ထမ်းအိမ်ရာတွေကို ပါတီတွေ တစ်အိမ်တက်ဆင်း မဲမဆွယ်ရဘူးဆိုပြီး နေပြည်တော်စည်ပင်က ကန့်သတ်ထားပါတယ်။
အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေမှာ မြို့နယ် ၈ ခုရှိပြီး အစိုးရဝန်ထမ်းအများဆုံး နေထိုင် တာဖြစ်ပါတယ်။ ပုဗ္ဗသီရိမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၇သောင်းကျော်ရှိပြီး မဲပေးခွင့်ရှိတဲ့ တပ်မိသားစုဝင်ဦးရေ ၆၀၀၀ ကျော်လောက် ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ကာကွယ်ရေးဝန်ကြီးဟောင်း အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးဝေလွင် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။