ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒနယ်မြေတွေကို NLD ပြောင်းလဲ

လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် NLD ပါတီက ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းထဲက ၆၀ ဝန်းကျင်ကို မဲဆန္ဒနယ်မြေပြောင်းလဲတာတွေ၊ လူအစားထိုး တာတွေ ဆောင်ရွက်နေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး မှတ်ပုံတင်စဉ်

လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းထဲက ၆၀ ဝန်းကျင်ကို မဲဆန္ဒနယ်မြေပြောင်း လဲတာတွေ၊ လူအစားထိုးတာတွေ ဆောင်ရွက်နေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိ သူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

ကိုယ်စားလှယ်လောင်းအဖြစ်က နှုတ်ထွက်သွားတဲ့သူတွေရဲ့ နေရာမှာ အစားထိုး လိုက်တာက အများစုဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"အဲ့ဒါလွန်ခဲ့တဲ့ ၁ ပတ်အတွင်းမှာထုတ်ခဲ့တာ၊ ဒါကြောင့် အားလုံးကိုစုပြီးကျနော်တို့ ဖော်ပြလိုက်တာ၊ ရန်ကုန်လည်းပါ တယ်၊ နယ်လည်းပါတယ်"

ကိုယ်စားလှယ်လောင်းအဖြစ် ဦးဆုံးသတ်မှတ်ကြေညာခဲ့တဲ့ထဲက တချို့ဟာ ပြည်တွင်းမှာ ၁၀ နှစ်ဆက်တိုက် မနေထိုင်ခဲ့ သူတွေဖြစ်ပြီး၊ တချို့က ပုဒ်မ ၁၈ တရား မဝင်စီတန်းလှည့်လှည်မှုနဲ့ အမှုရင်ဆိုင် နေရသူတွေဖြစ်တာကြောင့် အပြောင်း အလဲလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ စတဲ့ တိုင်းဒေသကြီး ၇ ခု နဲ့ ရှမ်း၊ ကယား၊ ချင်း၊ ကချင် စတဲ့ ပြည်နယ် ၄ခုက မဲဆန္ဒနယ်မြေတွေမှာ အစားထိုး ပြောင်းလဲနေတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၁၁၃၃ ယောက်ရဲ့ အမည်စာရင်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၁ရက်နေ့ကစပြီး ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီစာရင်းထုတ်ပြန်ပြီးနောက် အန်အယ်လ်ဒီပါတီက မနေ့က အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အမည် စာရင်းတင်သွင်းသူ ၆၂၃ ယောက် ရှိပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org