NLD ညီလာခံပြီးစီးချိန်ကစလို့ ဗဟိုဦးစီးစနစ် မရှိတော့ကြောင်း ဦးဉာဏ်ဝင်းပြောကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုဦးစီးစနစ်နဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အားလုံး ဒီကနေ့ နိုင်ငံလုံးဆိုင်ရာညီလာခံ ကျင်းပပြီးစီးချိန် ကစပြီး မရှိတော့ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြား လိုက်ပါတယ်။
-
2013-03-10 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုဦးစီးစနစ်နဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေအားလုံး ဒီကနေ့ နိုင်ငံလုံးဆိုင်ရာညီလာခံ ကျင်းပပြီးစီးချိန်ကစပြီး မရှိတော့ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
"ဗဟိုဦးစီးစနစ်ဆိုတာ ကျတော်တို့စီမံချက်မှာ လုံးဝမပါဘူး၊ ဒါပေမယ်လို့ လုံးဝကင်းနေတယ်လို့ ကျွန်တော်ပြောနေတာမဟုတ်ဘူး၊ ဒါပေမယ်လို့ ဒီကနေ့ ၁၀ ရက်နေ့ကစလို့ ဗဟိုဦးစီးစနစ် မရှိတော့ဘူးလို့ ကျတော်ဒီလိုပဲပြောမယ်"
မတ်လ (၈) ရက်နေ့ကနေ (၁၀) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပခဲ့တဲ့ NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ ရွေးချယ်ခံခဲ့ရတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေရဲ့ အစည်းအဝေးကိုတော့ ဧပြီလဆန်းပိုင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။