NLD ပါတီ ဥက္ကဌနဲ့ နာယကတို့ မဲဆွယ်စည်းရုံးရေးဆင်းမည်

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ နာယက သူရ ဦးတင်ဦး တို့ဟာ တစ်ပြည်လုံးက မဲဆန္ဒနယ်မြေအတော်များများမှာ မဲဆွယ် စည်းရုံးတာတွေ လုပ်ဆောင်သွားမယ်လို့ NLD ပါတီတာဝန် ရှိသူတွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့ ဒေသခံတွေနဲ့ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံစဉ် Photo: Kyaw Zaw Win/RFA

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာယက သူရ ဦးတင်ဦး တို့ဟာ တစ်ပြည်လုံးက မဲဆန္ဒနယ်မြေအတော်များများမှာ မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်သွားမယ်လို့ NLD ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

NLD ပါတီအနေနဲ့ အားနည်းတဲ့ မဲဆန္ဒနယ်မြေတွေကို ဦးစားပေးပြီး စည်းရုံးရေး လုပ်ဆောင်သွားမယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

"အန်ကယ် ဦးတင်ဦးနဲ့ ကျမတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပေါ့၊ အန်တီတို့ပါတီကလူတွေ သူတို့ရဲ့ ကြိုစားအားထုတ်မှုတွေ အသိအမှတ်ပြုတဲ့အနေနဲ့ အဲ့လိုနေရာမျိုးတွေသွားပေးမယ်၊ တကယ်အခြေအနေ အကျပ်အတည်း အခက်အခဲ ဖြစ်နေတဲ့နေရာတွေကိုလည်း သွားပေးမယ်၊ ဒါတွေကဦးစားပေးပေါ့"

၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ တစ်ပြည်လုံးမှာ မဲဆန္ဒနယ်မြေ တစ်ထောင်ကျော်ရှိတာမို့ နယ်မြေအားလုံးကိုတော့ သွားရောက်စည်းရုံးဖို့ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း မဲဆန္ဒနယ်မြေအများစုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မဲဆွယ်စည်းရုံးခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ပါတီတွေ မဲဆွယ်စည်းရုံးရမယ့်နေ့ကို မကြေညာသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org