NLD ပါတီမှ white card ကိုင်သူ ၂၀,၀၀၀ ထုတ်ပယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားတဲ့ ပါတီဝင် ၂ သောင်းကျော်ကို ပါတီကနေ ထုတ်ပယ်လိုက်ပြီး ထုတ်ပယ်လိုက်တဲ့စာရင်းကို ရွေးကောက် ပွဲကော်မရှင်ထံ ပေးပို့လိုက်ပါတယ်။

White Card ကိုင်ဆောင်ထားသူတစ်ဦးကို မြင်ရစဉ် Photo: Min Thein Aung/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားတဲ့ ပါတီဝင် ၂ သောင်းကျော် ကို ပါတီကနေထုတ်ပယ်လိုက်ပြီး ထုတ်ပယ်လိုက်တဲ့ စာရင်းကို ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့လိုက် ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကချမှတ်တဲ့ စည်းမျဉ်းဥပဒေ အတိုင်းလိုက်နာတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

"ကျနော်တို့ တိုင်းနဲ့ပြည်နယ် ၁ဝ ခုလောက်က ရတဲ့ စာရင်းတွေကို တင်ထားပြီးပြီ၊ နောက်ထပ် လာနေသေးတော့ မစုံသေးဘူး၊ နှစ်သောင်းလောက် ရှိတယ်ထင်တယ် ပါတီဝင်အဖြစ်ကနေ ပယ်ဖျက်လိုက် တာ၊ ဒါကဥပဒေအရ ပြင်သွားတဲ့ကိစ္စပဲ၊ ဝှိုက်ကတ် မပါရဘူး၊ မဲမပေးရဘူးလို့ ဥပဒေပြဌာန်းရင် ကျနော်တို့ ဒီဥပဒေကိုလိုက်နာရမယ်"

အဲဒီ အဖွဲ့ဝင်ဟောင်းတွေဟာ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၀ ခုက အဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပြီးစစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို ဆက်လက်စစ်ဆေးဖို့ရှိသေးတယ်လို့ ပြောပါတယ်။

ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူတွေကို နိုင်ငံရေးပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ဖို့နဲ့ ညွှန်ကြားချက် ကိုလိုက်နာမှုမရှိရင် ပါတီဖျက်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့နှစ်က ကြေညာထားတာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ ပါတီဝင်အင်အား ၃ သန်းနီးပါးရှိတယ် လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org