NLD ပညာဒါနကျောင်းများနဲ့ ထူးချွန်သူများကို သိန်း ၃၀၀ ချီးမြှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေး ကွန်ရက်ရဲ့ ပညာဒါနကျောင်းတွေကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရန်ကုန်တိုင်းအတွင်းက ပညာဒါနကျောင်းတွေ အတွက် ထောက်ပံ့ငွေကျပ် သိန်း ၃၀၀ ကျော် ပေးအပ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပခဲ့ ပါတယ်။
-
2015-07-12 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်ရဲ့ ပညာဒါနကျောင်းတွေကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ တဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရန်ကုန်တိုင်း အတွင်းက ပညာဒါနကျောင်းတွေအတွက် ထောက်ပံ့ငွေကျပ် သိန်း ၃၀၀ ကျော် ပေးအပ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ညှိုနှိုင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပညာဒါနကျောင်းတွေ ဖွင့်လှစ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
"ပညာရေးနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခက်ခဲဆုံး နေရာမှာရှိတဲ့ အခက်ခဲဆုံးမိသား စုတွေရဲ့ဘဝကို ကူညီနိုင်ဖို့အတွက် ပညာဒါန ကျောင်းတွေဖွင့်ဖို့ ကြိုးပမ်းခဲ့ပါတယ်၊ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ လွယ်လွယ်နဲ့ အောင်မြင်မှုရခဲ့တာမဟုတ်ပါဘူး၊ ကျနော်တို့ဟာ အတားဆီးအမျိုးမျိုး၊ ပိတ်ဆို့ခံရမှု အမျိုးမျိုးကြားကနေ ကျနော်တို့ကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် ကျနော်တို့ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက်နိုင်ခဲ့တဲ့ အတွက်လည်း ပြည်သူလူထုက အဖွဲ့ချုပ်ကို အစဉ်တစိုက်ထောက်ခံအားပေးနေခဲ့ကြတာဖြစ်ပါတယ်"
၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ရန်ကုန်တိုင်းအတွင်းရှိ ပညာဒါနကျောင်းတွေက တက္ကသိုလ်ဝင်တန်းအောင်မြင် တဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၂၆ ဦးနဲ့ ဂုဏ်ထူးရကျောင်းသား ၂၇ ဦးအထိ ရှိခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ဖွင့်လှစ်ထားတဲ့ ပညာဒါန ကျောင်းပေါင်း နိုင်ငံတဝှမ်းမှာ၂၀၀ အထိရှိ ပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း နှစ်သောင်းကျော် ပညာသင်ကြားနေပါတယ်။