သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြံပြုချက်တွေ NLD ဖိတ်ခေါ်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက် မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် ပညာရှင်တွေကနေ အချက်အလက်နဲ့ အကြံပြု ချက်တွေပေးကြဖို့ NLD က တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြိုနယ် ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမမှာ ဇန်နဝါရီလ ၁၄ ရက်နေ့က ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသသာဝထိန်းသိမ်းရေးကော်မတီနဲ့ အတိုင်ပင်ခံ ပညာရှင်တွေ့ဆုံပွဲကို တွေ့ရစဉ် Photo: Bone Myat/RFA

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် ပညာရှင်တွေကနေ အချက်အလက်နဲ့ အကြံပြုချက်တွေပေးကြဖို့ NLD က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသသာဝထိန်းသိမ်းရေးကော်မတီနဲ့ အတိုင်ပင်ခံ ပညာရှင်တွေ့ဆုံပွဲမှာ ကော်မတီ ဒုတိယဥက္ကဌ ဦးစိုးညွန့်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ လူသားတွေရဲ့ အသက်ရှင်ရပ်တည်ဖို့အတွက်ကို အင်မတန် အရေးကြီးတဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်၊ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကတော့ ကျနော်တို့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေက အစိုးရကိုဦးဆောင်မယ်ဆိုပေမယ့် တကယ့်လက်တွေ့ အကောင်အထည်ရမယ့် အချက်တွေ ကဏ္ဍအသီးသီးကယူပြီးတော့ ကျနော်တို့ လုပ်ရမှာဖြစ်ပါတယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ ဒီနေ့ ပညာရှင်များကို ပင့်ဖိတ်ပြီးတော့ ကျနော်တို့ စတင်တွေ့ရှိခြင်းဖြစ်ပါတယ်"

ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ၊ အစိုးရ သစ်တောညွှန်ကြားရေးမှူး အငြိမ်းစားတွေနဲ့ တက္ကသိုလ်ပါမောက္ခ အငြိမ်းစား စတဲ့ ပညာရှင် ၂ဝ ကျော် တက်ရောက်ခဲ့ပါတယ်။

ပညာရှင်တွေက ကချင်ပြည်နယ် ဖားကန့်အခြေအနေ ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အခြေအနေနဲ့ ဖူးကြီးရေလှောင်တမံတဝိုက် သစ်တောပြုန်းတီးမှုအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

လာမယ့်အစိုးရသစ် လက်ထက်မှာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တိုင်းရင်းသားဒေသတွေ က ပြည်သူတွေအသံတွေ၊ အကြံပြုချက်တွေကို နားထောင်ကာ လုပ်ဆောင်မှာဖြစ်ပြီး ညှိနှိုင်းဆွေးနွေးပွဲတွေကို မကြာခဏပြုလုပ်သွားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org