ပြည်တွင်း၊ ပြည်ပပါတီတွေနဲ့ ဆက်ဆံရေး NLD ဗဟိုအလုပ်ကော်မတီဖွဲ့စည်း

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်တွေအပါအဝင် ပြည်တွင်း၊ ပြည်ပ ပါတီတွေနဲ့ ဆက်ဆံရေးဆောင်ရွက်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဗဟိုအလုပ်ကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ် နေပြည်တော် ရုံးခွဲ ကို ၂၀၂၀၊ ဇူလိုင် ၂၁ ရက်နေ့က တွေ့ရစဉ်

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်တွေအပါအဝင် ပြည်တွင်း၊ ပြည်ပ ပါတီတွေနဲ့ ဆက်ဆံရေး ဆောင်ရွက်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဗဟိုအလုပ်ကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကော်မတီထဲမှာ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ အရံ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ ခင်ဆောင်၊ Steering Committee က ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်တို့ အပါအဝင် အဖွဲ့ဝင် ခုနစ်ယောက် ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။

NLD ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်တွေဖြစ်တဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုဖြစ်ထွန်းမယ့် အခြေခံဥပဒေ ပေါ်ပေါက်လာရေး၊ ရေရှည် တည်တံ့ ခိုင်မြဲ တိုးတက်ရေး တို့ကို ဗဟိုအလုပ်ကော်မတီက ဆောင်ရွက်သွားမယ်လို့လည်း ကော်မတီထဲမှာပါဝင်တဲ့ ဦးကျော်ထွေးက RFA ကို ပြောပါတယ်။

ဒါ့အပြင် ပါတီရဲ့ ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ အားလုံး လွတ်လွတ်လပ်လပ် စုံညီ အစည်းအဝေး မကျင်းပနိုင်သေးခင်မှာ ပါတီ အခြေခံမူဝါဒတွေ၊ ပြည်တွင်းပြည်ပ ပါတီတွေနဲ့ ဆက်ဆံရေး ဆောင်ရွက်ဖို့တို့ကို ရည်ရွယ်ထားပါတယ်။

လက်ရှိမှာတော့ NLD ပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ ဥက္ကဌ (၁) ဦးဝင်းမြင့် အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၄ ယောက်ဟာ ဖမ်းဆီးခံထားရပြီး တခြားသော ပါတီဝင်တွေ၊ ထောက်ခံ သူတွေဟာလည်း ဖမ်းဆီးခံနေရပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်ကောင်စီဟာ ဖေဖော်ဝါရီလကနေ စက်တင်ဘာလအထိ NLD ပါတီဝင် ၄၅၈ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

နောက်ပြီး NLD ပါတီ ရုံးတွေကိုလည်း အောက်တိုဘာလအထိ ဖျက်ဆီး၊ တိုက်ခိုက်မှုတွေဟာလည်း ဖေဖော်ဝါရီလကနေ အောက်တိုဘာလအတွင်းမှာ ၄၄ ကြိမ်အထိ ရှိခဲ့တယ်လို့ NLD ရဲ့ စာရင်းတွေအရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org