ပြည်ခိုင်ဖြိုးကိုယ်စား လှယ်လောင်းတွေကို NLD ပါတီ တရားစွဲဆို

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား လှယ်လောင်းတွေဟာ မက်လုံးပေး မဲဆွယ်တယ်ဆို ပြီး ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (က)နဲ့ လှည်းကူးမြို့မ ရဲစခန်းမှာ တရားစွဲလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ မက်လုံးပေး မဲဆွယ်တယ်ဆိုပြီး ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (က)နဲ့ လှည်းကူးမြို့မရဲစခန်းမှာ တရားစွဲလိုက်ပါတယ်။

အဲ့ဒီမက်လုံးပေးမဲဆွယ်မှုဟာ ရဲအရေးပိုင်တာဖြစ်တဲ့အတွက် ရဲစခန်းမှာ တိုင်ကြားတာဖြစ်တယ်လို့ လှည်းကူး မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းလည်းဖြစ်ပြီး လက်ရှိလျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဆွေအောင်နဲ့ လှည်းကူးမဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်မြတ်သူ အပါအဝင် ၇ ဦးကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (က) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

တရားစွဲဆိုထားတာနဲ့ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်တို့ ကို အကြောင်းကြားထားပြီး ပြည်ထောင်စုဝန်ကြီးတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို လိုက်နာဖို့ တိုက်တွန်းကြောင်းလည်း ထည့်သွင်းရေးသားထားတယ်လို့ သိရပါတယ်။

ဦးဖြိုးမင်းသိန်းကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org