ဟားခါးမှာ မဲဆန္ဒနယ် တစ်နေရာ NLD လက်လွှတ်လိုက်ရ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်နေရာ တစ်နေရာ ရှုံးနိမ့်ခဲ့ပြီး ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD က အနိုင်ရရှိသွားတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့ကို မြင်တွေ့ရစဉ် ဓာတ်ပုံ - ဆလိုင်းကေတီဟောက်ခိုင်/ RFA

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်နေရာ တစ်နေရာ ရှုံးနိမ့်ခဲ့ပြီး ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD က အနိုင်ရရှိသွားတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပါတယ်။

ဟားခါးမှာ မဲဆန္ဒနယ်မြေ ငါးနေရာရှိပြီး လေးနေရာမှာ NLD က အောင်နိုင်ခဲ့တာဖြစ်ကြောင်းနဲ့ တစ်နေရာမှာ CNLD က နိုင်ခဲ့တယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်က ပြောပါတယ်။

"ကျွန်တော်တို့ ပြည်နယ်က စီစစ်နေတုန်း ဟားခါးက ပထမဆုံးရောက်လာတာ။ ကျန်မြို့နယ်တွေကလည်း ရောက်လာတယ်။ အခုထိ စိစစ်နေတုန်းပဲ။ ကျွန်တော်တို့ ရလဒ်‌တွေကို ထုတ်ပြန် ကြေညာသွားမှာပါ။ အချိန်အတိအကျတော့ မပြောနိုင်သေးဘူး" လို့ ဦးလင်းကျော်က ထပ်ပြောပါတယ်။

NLD အနိုင်ရရှိသွားတဲ့နေရာတွေက အမျိုးသားလွှတ်တော်နေရာ နှစ်နေရာ၊ ပြည်သူ့လွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ဖြစ်ပါတယ်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိတဲ့နေရာကတော့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှာ ရွေးကောက်ပွဲနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ဟားခါးမြို့နယ် က မဲဆန္ဒနယ် (၅) ခုလုံးမှာ NLD က အောင်နိုင်ထားခဲ့တာဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org