NLD အမတ်အပါအဝင် အမျိုးသမီး ၃၀ ကျော် ထောင်ပြောင်းရွှေ့

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နဲ့ ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော တို့ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က အင်းစိန်အကျဉ်းထောင် ကနေတဆင့် သရက်ထောင်နဲ့ မြင်းခြံထောင်တို့ကို ပြောင်းရွှေ့လိုက်တယ်လို့ မိသားစုဝင်တွေက RFA ကို ဒီကနေ့ ပြောပါတယ်။

NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နဲ့ ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော တို့ကို တွေ့ရစဥ် Photo: Hluttaw and Daw Chaw Chaw Chit's FB
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နဲ့ ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော တို့ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက် နေ့က အင်းစိန်အကျဉ်းထောင်ကနေတဆင့် သရက်ထောင်နဲ့ မြင်းခြံထောင်တို့ကို ပြောင်းရွှေ့လိုက်တယ်လို့ မိသားစုဝင်တွေက RFA ကို ဒီကနေ့ ပြောပါတယ်။
 
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့မေလက ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လှိုင်သာယာတရားရုံးကနေ ဇွန်လ ၈ ရက်နေ့မှာပဲ တပ်မတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ်စီ အမိန့်မှတ်ခဲ့ တာဖြစ်ပါတယ်။
 
သူတို့နှစ်ဦး အပါအဝင် ထောင်ချခံထားရတဲ့ အမျိုးသမီး ၃၀ ကျော်ကို ထောင်ပြောင်းရွှေ့လိုက်တာဖြစ်ပြီး အခုအချိန်ထိ အဆက်အသွယ်မရသေးသလို ကိုဗစ်ကပ်ဘေးကာလလည်းဖြစ်နေတာကြောင့် စိုးရိမ်မိတယ်လို့ ဒေါ်နီနီမေမြင့်ရဲ့ အမျိုးသားဖြစ်သူ ဦးလင်းနိုင် က RFA ကို ပြောပါတယ်။
 
ဒေါ်နီနီမေမြင့် ကိုတော့ သရက်ထောင်ကို ပို့လိုက်တာပြီး မချစ်ချစ်ချော ကိုတော့ မြင်းခြံထောင်ကို ပို့လိုက် တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီကနေ့အချိန်အထိ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်ပိုင်းကနေ ရပ်ကျေးအဆင့်အထိ စုစုပေါင်း ပါတီဝင် ၃၂၄ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒီကိစ္စတွေကို စနစ်တကျ စာရင်းကောက်ယူပြုစုနေတဲ့ NLD ပါတီရဲ့ စာရင်းတွေ အရ သိရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org