ကန့်ဘလူမှာ ကလေးသုံးဦး အပါအဝင် NLD ပါတီဝင် မိသားစုရှစ်ဦးအသတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာမှာ ဇန်နဝါရီလ ၁၄ ရက် မနက်အစောပိုင်းက ကလေးငယ် သုံးဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင် မိသားဝင် ရှစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ကန့်ဘလူ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာမှာ ဇန်နဝါရီလ ၁၄ ရက် မနက်အစောပိုင်းက ကလေးငယ် သုံးဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင် မိသားဝင် ရှစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ကန့်ဘလူ ဒေသခံတွေက RFA ကို ပြောပါတယ်။

အာဏာမသိမ်းခင် NLD ပါတီ ရပ်ကျေးရုံးစိုက်ခဲ့တဲ့အိမ်က မိသားစုဝင်အားလုံး သတ်ဖြတ်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က အရင်တုန်းက NLD ပါတီ ရပ်ကျေးရုံးစိုက်ထားတဲ့ အိမ်ဖြစ်ပါတယ်။ မနက်နှစ်နာရီဝန်းကျင်လောက် ဖြစ်သွားတာ။ သူတို့ကို ဓားတွေနဲ့ထိုးတယ်။ လည်ပင်းကို ဓားနဲ့လှီးတယ်။ ရက်ရက်စက်စက်ကို လုပ်သွားတာ”

သေဆုံးသူတွေဟာ အသက် ၇၀ အရွယ် ဦးကျော်လှိုင်၊ အသက် ၆၅ နှစ်ရွယ် ဒေါ်လှညွှန့်၊ အသက် ၄၀ အရွယ် ဒေါ်နှင်းမြလှိုင်၊ အသက် ၃၇ နှစ်အရွယ် ကိုတင်မျိုးဝင်း၊ အသက် ၃၇ အရွယ် ဒေါ်နှင်းမြခိုင်၊ အသက် ၁၅ နှစ်အရွယ် မစုမြစံ၊ အသက် ၁၂ နှစ်အရွယ် သိမ့်ရွှေဘုံစံနဲ့ အသက်ငါးနှစ်အရွယ် မောင်ခန့်ဇေယျာဖြိုးတ့ို ဖြစ်ပါတယ်။

ဒီသတ်ဖြတ်မှုကို စစ်အာဏာသိမ်းမှုထောက်ခံတဲ့ ပျူစောထီးအဖွဲ့တွေက ပြုလုပ်တာလို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၇၀ နီးပါးလောက်ရှိတဲ့ ငါးမြောင်ကျေးရွာဟာ စစ်ကောင်စီတပ် ထောက်ခံသူများပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ မကြာခဏ ဝင်ရောက်တည်းခိုလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီအတွက် ဝါဒဖြန့်ချိရေးလုပ်နေတဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ ဒီမိသားစုကို ပျူစောထီးတွေ သတ်ဖြတ်တာမဟုတ်ဘူးလို့ ရေးသားနေပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဇန်နဝါရီလ ၁၅ ရက်မှာ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီဝင်တွေ အပါအဝင် နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်၂,၇၃၄ သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org