ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ မဖွယ်မရာပြုသူ အမှုဖွင့်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓါတ်ပုံကို မဖွယ်မရာပြုပြင်ပြီး လူမှုကွန်ရက် စာမျက်နှာမှာ ဖြန့်ဝေခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ကန် ကြီးထောင့်မြို့နယ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို NLD ပါတီဝင် တစ်ဦးက ဆက်သွယ်ရေး ဥပဒေနဲ့ အရေးယူပေးဖို့ ကန် ကြီးထောင့် မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို မဖွယ်မရာပြုပြင်ပြီး လူမှုကွန်ရက် စာမျက်နှာမှာ ဖြန့်ဝေခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို NLD ပါတီဝင်တစ်ဦးက ဆက်သွယ်ရေး ဥပဒေနဲ့ အရေးယူပေးဖို့ ကန်ကြီးထောင့် မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။

အမှုဖွင့်ခံထားရတဲ့ ဦးသန်းထွန်းကို အရေးယူဆောင်ရွက်နိုင်ဖို့ ကြိုုးစားနေဆဲသာဖြစ်တယ်လို့ ကန်ကြီးထောင့် မြို့မရဲစခန်းက တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"ဦးသန်းထွန်း ဆိုတဲ့လူကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ ရဲစခန်းမှာ ဦးစည်သူအောင် က အမှုဖွင့်ထားပါတယ်၊ အမှုဖွင့်ထားတဲ့အတွက်ကို အခု ကန်ကြီးထောင့် မြို့မရဲစခန်းမှူး ဒုရဲမှူး ရဲလွင်က အမှုစစ်တာဝန်ကို လုပ်ပါတယ်၊ တရားခံဖမ်းဆီးရေးအတွက်ကို ဆက်လက်လုပ်ဆောင်နေပါတယ်၊ ခုလက်ရှိအနေအထားကတော့ ကျနော်တို့စခန်းမှာ သူ့ကိုမမိသေးဘူးပေါ့

အဲဒီဓာတ်ပုံ တင်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ရက်လောက်က ကန်ကြီးထောင့်မြို့မရဲစခန်းမှာ မြို့ခံ NLD ပါတီဝင် ဦးစည်သူအောင်က တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အရေးယူပေးဖို့ အမှုဖွင့်တိုင်ကြား ခဲ့တာဖြစ်တယ်လု့ိ ပြောပါတယ်။

အခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တခြားပါတီတချို့အပေါ် သရော်စော်ကားတာတွေ၊ စည်းရုံးဟောပြောရေးခရီးစဉ်အတွင်း ခြိမ်းခြာက်တာတွေရှိခဲ့လို့ သက်ဆိုင်ရာကို တိုင်ကြားအမှုဖွင့်ခဲ့ကြပေမဲ့၊ အခုထိ အရေးယူတုန့်ပြန်မှု တစုံတရာ မကြားသိရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဓါတ်ပုံကို ပြုပြင်ပြီး လူမူကွန်ရက် စာမျက်နှာမှာ တင်ခဲ့တဲ့အမှု နဲ့အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး ကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄ (ဃ)နဲ့ တရားစွဲဆို ဖမ်းဆီးထားပါတယ်။ ဒါဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သရော်တာကြောင့် ဖမ်းတာမဟုတ်ဘဲ၊ လူပုဂ္ဂိုလ်တစ်ဦးတယောက်ရဲ့ ဂုဏ်သိက္ခာကို စော်ကားလာလို့ ဥပဒေအရ အကာအကွယ် ရပိုင်ခွင့်ရှိတာကြောင့် ဖြစ် တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်။

"ကျနော်အရေအတွက်တော့ မသိဘူး၊ ဒါပေမဲ့ တပ်မတော်အနေနဲ့ကတော့ သူတို့ရဲ့အဖွဲ့အစည်းသော်၎င်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သော်၎င်း အဲ့လိုဝေဖန်စော်ကားရာရောက်တယ်လို့ ယူဆတဲ့အတွက်ကြောင့် တိုင်ကြားထားတဲ့အမှုတွေရှိတယ်၊ အဲဒါကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်၊ ဆက်ပြီးတော့ တရားရုံးတင် ရင်တော့ အပြစ်ရှိတယ် မရှိဘူးဆိုတာ ပြန်လှန်ထုချေပြီး တရားရုံးကဆုံးဖြတ်မှာပေါ့၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုဖြစ်စေ၊ ဘာသာတစ်ခုကိုဖြစ်စေ၊ လူမျိုးတစ်ခုကိုဖြစ်စေ စော်ကားလို့မရပါဘူး၊ အဲ့လိုစော်ကားလာ ရင် သက်ဆိုင်ရာကာယကံရှင်တွေက ဥပဒေရဲ့အကာအကွယ်ကို ရပိုင်ခွင့်ရှိပါတယ်၊ ဒါလည်း သူ့ရဲ့နိုင်ငံသား အခွင့်အရေးဖြစ်လို့ တားလို့မရဘူး၊ ဒါက တပ်မတော်တစ်ခုတည်းအတွက် ပုဂ္ဂိုလ်တစ်ယောက်တည်းအတွက် လုပ်တာမဟုတ်ပါဘူး၊ ဥပဒေကရှိပြီးသား ဥပဒေရဲ့အကာအကွယ်ကို ယူမယ် မယူဘူးဆိုတာကိုပဲ သက်ဆိုင်ရာ ကာယကံရှင်တွေက ဆုံးဖြတ်တာပါ"

ဒီဖမ်းဆီးမှုတွေကြောင့် သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိခိုက်မှုမရှိကြောင်း၊ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို စော်ကားရေးသားသူတစ်ဦးကိုလည်း ဥပဒေအရအရေးယူဖို့ ဆောင်ရွက်နေကြောင်းလည်း ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်၊

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရွေးကောက်ပွဲ နီးကပ်လာနေတဲ့အချိန်မှာ အခုလို ဖမ်းဆီးတာတွေ ပေါ်ပေါက်လာတဲ့အပေါ် စိတ်ပျက်ကြောင်း ပြောဆိုထားပါတယ်၊

ဒီအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း သတင်းဌာနတွေအနေနဲ့ မိမိတို့ရဲ့သိက္ခာကို လေးစားပြီး မီဒီယာကျင့်ဝတ်တွေနဲ့အညီ ရေးသားထုတ်လွှင့်ကြဖို့၊ မမှန်ကန်တဲ့ ဘက်လိုက်တဲ့သတင်း ထုတ်လွှင့်ချက်တွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို ထိခိုက်လာနိုင် အောက်တိုဘာလ ၁၈ ရက်နေ့ က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ခြိမ်းခြောက်တာ၊ ဟန့်တားတာ၊ တိုက်ခိုက်တာလို သတင်းတွေ ပိုကြားလာရပါတယ်။ အဲဒါတွေဟာ ရွေးကောက်ပွဲကို ဘယ်လိုသက်ရောက်စေနိုင်ပါမလဲ။

ဖဲကြိုးဝါလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ကို မခက်မာက ဆက်သွယ် မေးမြန်းထားပါတယ်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးမှုတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မက်လုံးပေးမဲဆွယ်မှုတယ်၊ တခြား ပြိုင်ဘက်ပါတီဝင်တွေအပေါ် ထိခိုက်နစ်နာအောင် ပြောဆိုစည်းရုံးမှုတွေရှိတယ် ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org