NLD ပါတီကို ပြန်သွားတော့မယ့် လွှတ်တော်အမတ် ဦးကြည်မြင့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှတ်ပုံတင်ခွင့် ရပြီးရင် အင်န်အယ်လ်ဒီ ပါတီဝင် အဖြစ် ပြန်လည် လျှောက်ထားဖို့ ဆုံးဖြတ်လိုက်ပြီလို့ လွှတ်တော် အမတ် ဦးကြည်မြင့်က အာရ်အက်ဖ်အေကို ပြောပါတယ်။
-
2011-12-07 -
-
-
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ အဖွဲ့ဝင်များ ရန်ကုန်မြို့ တနေရာတွင် အောက်တိုဘာ ၂၀ ရက်နေ့က ရွေးကောက်ပွဲ မဲဆွယ် လက်ကမ်း ကြော်ငြာများ ဝေငှနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ဦးကြည်မြင့်ဟာ ရန်ကုန်တိုင်း ဒေသကြီး လသာမြို့နယ်က ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးချယ် တင်မြှောက်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် အမတ်ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီ ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပြီး နောက်ပိုင်းမှာ ပြန်လည် ပါတီဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
ဦးကြည်မြင့်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဝင်ခဲ့ပါတယ်။ အဲဒီနောက် အမျိုးသား ဒီမိုကရေစီသစ် ပါတီဝင် အဖြစ် ရပ်တည်ခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ မဝင်ခင် အင်န်အယ်လ်ဒီကနေ လမ်းခွဲခဲ့ပေမယ့် "အကြွင်းမဲ့ ပါတီဝင်"အဖြစ် ပြန်လည် ရပ်တည်သွားမယ့် အကြောင်း၊ အင်န်အယ်လ်ဒီ ပါတီက ထွက်ခဲ့အပြီး မိမိဝင်ခဲ့တဲ့ တခြားပါတီတွေ အတွင်း ဆွေးနွေးပွဲတွေမှာလည်း တကယ်လို့ အင်န်အယ်လ်ဒီ ရွေးကောက်ပွဲ ဝင်တဲ့ အချိန်ကျရင် ပူးပေါင်းသွားဖို့ သဘောတူခဲ့တာတွေ ရှိခဲ့ဖူးတယ်လို့ ဦးကြည်မြင့်က ပြောပါတယ်။