ရန်ကုန်က NLD ရုံးချုပ် ဝင်ရောက်စီးနင်းခံရမှုအခြေအနေ သတင်းစာရှင်းလင်း

တိုင်းနဲ့ပြည်နယ်အသီးသီးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွေကို အာဏာသိမ်းစစ်အစိုးရ လက်အောက်ခံ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းနေတာဟာ ပါတီဖျက်သိမ်းရလောက်အောင်အထိ အပြစ်မရှိအပြစ်ရှာချင်လို့ ဖြစ်တယ်လို့ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောပါတယ်။

ရန်ကုန်က NLD ရုံးချုပ် ဝင်ရောက်စီးနင်းခံရမှု အခြေအနေ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း ရှင်းလင်းစဉ်

တိုင်းနဲ့ပြည်နယ်အသီးသီးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွေကို အာဏာသိမ်းစစ်အစိုးရ လက်အောက်ခံ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းနေတာဟာ ပါတီဖျက်သိမ်းရလောက်အောင်အထိ အပြစ်မရှိအပြစ်ရှာချင်လို့ ဖြစ်တယ်လို့ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ညပိုင်း ၁၀ နာရီလောက်မှာ စစ်ကားတွေနဲ့ လာရောက်ပြီး ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က NLD ရုံးချုပ်ကို ဝင်ရောက်စီးနင်းခဲ့တာပါ။

ရုံးသုံးပစ္စည်းတချို့နဲ့ ငွေစက္ကူ၊ ဘဏ်စာအုပ်တို့ကို ယူသွားတယ်လို့ NLD ပါတီရုံးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မနေ့က ညပိုင်းမှာ ဗဟန်းမြို့နယ်ရဲစခန်းကိုသွားပြီး အမှုဖွင့်တိုင်ကြားထားတဲ့အတွက် ရဲစခန်းက ပ/ ၃၂ နဲ့ အမှုကို လက်ခံထားပါတယ်။

ရန်ကုန်တိုင်း NLD ရုံးကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ရှိတဲ့ ဝန်ကြီးချုပ်တွေ စီမံဘဏ္ဍာဝန်ကြီးတွေ၊ NLD ဥပဒေအကြံပေးအဖွဲ့က ဥပဒေပညာရှင်တွေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတွေနဲ့ တာဝန်ရှိသူတွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

စစ်အာဏာသိမ်းအစိုးရဘက်က သူတို့ချမှတ်ထားတဲ့ ညမထွက်ရအမိန့် ၈ နာရီကျော်လွန်ချိန်မှာ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org