တိုင်းကော်မရှင် ဆုံးဖြတ်ချက် ဥပဒေကြောင်းအရ ရင်ဆိုင်မည်

စစ်ကိုင်းတိုင်း ကသာခရိုင် မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးစောလှိုင်က သူ့ကို တိုင်းကော်မရှင်က လက်မခံဘဲ ပယ်ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

ဦးစောလှိုင်ဟာ အိန္ဒိယနွယ်ဖွားတစ်ဦး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသား မဟုတ်ဘူးဆိုပြီး စစ်ကိုင်းတိုင်း ရွေးကောက်ပွဲကော်မရှင်ကနေ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ငြင်းပယ်ခဲ့ပါတယ်။ ဦးစောလှိုင်က သူရော သူ့မိဘတွေပါ မြန်မာနိုင်ငံသား စစ်စစ် ဖြစ်တယ်ဆိုတာ သက်သေပြနိုင်တဲ့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဥပဒေကြောင်းအရ ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲမှာ ကသာခရိုင် ကနေ ရွေးကောက်ခံခဲ့ရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးစောလှိုင်ဟာ အသည်းရောဂါ ခံစားနေရတဲ့အတွက် လောလောဆယ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အသည်း အစားထိုးကုသဖို့ ဆေးရုံ တက်ရောက်နေပါတယ်။

ဦးစောလှိုင်ကို RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org