မဘသ ဟောပြောပွဲ စီစဉ်သူ ပွင့်ဖြူမြို့နယ် NLD တရားစွဲ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့မှာ ပြီးခဲ့တဲ့ ဧပြီလက ကျင်းပခဲ့တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဟောပြော ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ဗီနိုင်းတွေ ဓာတ်ပုံတွေ ဖြန့်ဝေခဲ့တယ်ဆိုပြီး ပွဲဖြစ်မြောက်ရေး ဦးဆောင်သူကို အသရေဖျက်မှု၊ ဂုဏ်သရေထိခိုက်စေမယ့် ပုံနှိပ်ဖြန့်ဝေမှု၊ ဘာသာအချင်းချင်းအကြား ပြစ်မှု ကျူးလွန်အောင် လှုံ့ဆော်မှုပုဒ်မတွေနဲ့ စွဲချက်တင်သင့်ကြောင်း ပွင့်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးအောင် ဝင်းက ဒီနေ့ မြို့နယ်တရားရုံးကို လျှောက်ထားခဲ့ပါတယ်။
-
2014-09-29 -
-
-
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့မှာ ပြီးခဲ့တဲ့ ဧပြီလက ကျင်းပခဲ့တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ဗီနိုင်းတွေ ဓာတ်ပုံတွေ ဖြန့်ဝေခဲ့တယ်ဆိုပြီး ပွဲဖြစ်မြောက်ရေးဦးဆောင်သူကို အသရေဖျက်မှု၊ ဂုဏ်သရေထိခိုက်စေမယ့် ပုံနှိပ်ဖြန့်ဝေမှု၊ ဘာသာအချင်းချင်းအကြား ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်မှုပုဒ်မတွေနဲ့ စွဲချက်တင်သင့်ကြောင်း ပွင့်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးအောင်ဝင်းက ဒီနေ့ မြို့နယ်တရားရုံးကို လျှောက်ထားခဲ့ ပါတယ်။
ပွင့်ဖြူမြို့နယ်တရားရုံးကို သွားရောက်ခဲ့တဲ့ မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက် အကူပြုအဖွဲ့ဝင် ဦးတင်အောင်ထွန်းက အဲဒီဟောပြောပွဲစီစဉ်သူ ပခုက္ကူမြို့နယ်က ဦးမျိုးသန့်ကို ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၅၀၅ (ဂ)၊ ပုဒ်မ ၁၅၃(က)၊ ပုဒ်မ ၅၀၀၊ ပုဒ်မ ၅၀၁ စတဲ့ ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပွင့်ဖြူမြို့နယ် တရားရုံးမှာ စတင်တရားစွဲခဲ့တာဖြစ်ပါတယ်။
ပုဒ်မ ၅ခုနဲ့ တရားစွဲခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လ ၄ရက်နေ့မှာ ပွင့်ဖြူမြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးရာ ဘာသာတစ်ခုကို မကိုးကွယ်ချင်အောင် လှုံ့ဆော်မှု ပုဒ်မ ၁၉၈ နဲ့ပဲ စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။
ဧပြီလ ၃၀ရက်နေ့က ပွင့်ဖြူမြို့နယ် ပြည်လုံးချမ်းသာ ဘုရားဝင်းအတွင်းမှာ ကျင်းပခဲ့တဲ့ အမျိုး၊ ဘာသာ သာသနာစောင့်ရှောက်ရေး ဟောပြောပွဲမှာ မန္တလေးမစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့နေတဲ့ ဗီနိုင်းပုံနဲ့ သံဃာတော်တွေကို အစ္စလာမ်ဘာသာဝင်တွေက တက်နင်းနေတဲ့ ဗီနိုင်းပုံတွေကို ချိတ်ဆွဲခဲ့တာဖြစ် တယ်လို့ ဦးတင်အောင်ထွန်းက ဆိုပါတယ်။
အဲ့ဒီအမှုကို ပွင့်ဖြူမြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးတာ ၇ ကြိမ်မြောက်ရှိပြီဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဆက်လက်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။