NLD ခေါင်းဆောင်နှစ်ဦး အမေရိကန် အမတ်များနဲ့ တွေ့ဆုံ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးဟန်သာမြင့်နဲ့ ဦးစိုးဝင်းတို့ဟာ အမေရိကန်ပြည်ထောင်စုမှာ လေ့လာရေးခရီးစဉ် အဖြစ် ရောက်ရှိနေကြပြီး စစ်မှန်တဲ့ဒီမိုကရေစီ လမ်းကြောင်း ကူးပြောင်းရေးကိစ္စရပ်တွေကို အမေရိကန် လွှတ်တော် အမတ်တွေနဲ့ ဆွေးနွေးနေကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟန်သာမြင့်ကို တွေ့ရစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဖြစ်ကြတဲ့  ဦးဟန်သာမြင့်နဲ့ ဦးစိုးဝင်းတို့ ဟာ အမေရိကန်ပြည်ထောင်စုမှာ  လေ့လာရေး ခရီးစဉ်အဖြစ် ရောက်ရှိနေကြပြီး  စစ်မှန်တဲ့ဒီမိုကရေစီ  လမ်းကြောင်းကူးပြောင်းရေးကိစ္စရပ်တွေကို အမေရိကန် လွှတ်တော်အမတ်တွေနဲ့  ဆွေးနွေးနေ ကြပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နာရီပိုင်းက အမေရိကန်အောက် လွှတ်တော်  နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အာရှ နဲ့ ပစိဖိတ်ဒေသဌာနခွဲ ဥက္ကဌ Mr Benjamin  Cardin နဲ့ ကွန်ဂရက်စ် အဆောက်အဦး မှာ သွားရောက်တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

သူတို့ရဲ့ခရီးစဉ်နဲ့  ပတ်သက်ပြီးမေးကြည့်ရာမှာ  ဦးစိုးဝင်းက ခုလိုပြောပါတယ်။

"ကျနော်တို့က ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားပြီးတော့ အမေရိကန်ပြည်ထောင်စုက အမျိုးသား လုံခြုံရေးကောင်စီကို တာဝန်ယူနေတဲ့ပုဂ္ဂိုလ်တွေ၊ လွှတ်တော်က နိုင်ငံခြားဆက်ဆံရေးကော်မတီက ပုဂ္ဂိုလ်တွေ၊ အမေရိကန် အထက်လွှတ်တော်အမတ်နဲ့ အောက်လွှတ်တော်အမတ် အဲ့ဒီနှစ်ခုတွေ့နေတာပဲ၊ ကျနော်တို့လာတဲ့ကိစ္စက ကျနော်တို့နိုင်ငံ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့၊ ချောချောမွှေ့မွှေ့နဲ့ ဆက်ပြီးသွား နိုင်အောင်လို့ သူတို့ဆီကနေပြီးတော့ ကူညီပေးဖို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးတာပါ"

ဦးဟန်သာမြင့်နဲ့ ဦးစိုးဝင်းတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက  ကမ္ဘာ့ဘဏ်အဖွဲ့ အရာရှိတွေအပြင်၊ ဝါရှင်တန်ဒီစီ မြို့တော်နဲ့  နယူးယောက်မြို့တို့မှာရှိကြတဲ့ နိုင်ငံတကာ NGO လူမှုရေးအဖွဲ့တွေနဲ့လည်း  တွေ့ဆုံဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org