မန္တလေး ရန်ကုန် ဧရာဝတီမှာ အန်အယ်လ်ဒီ အနိုင်ရ

မကွေးတိုင်း ဂန့်ဂေါခရိုင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ လက်ရှိ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေဟာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးပြူးလွင်ကို ရှုံးနိမ့် ခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေ အောက်တိုဘာလ ၂၁ ရက်နေ့က မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မောက်လင်းကျေးရွာမှာ မဲဆွယ်စဉ် ဓါတ်ပုံ - ငယ်ထွေး/RFA

မကွေးတိုင်း ဂန့်ဂေါခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေဟာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးပြူးလွင်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ဂန့်ဂေါခရိုင်မှာ ဂန့်ဂေါ၊ ဆောနဲ့ ထီးလင်းမြို့နယ်တွေ ပါဝင်တာဖြစ်ပြီး ဦးဘူးလက်လှဆွေက မဲအရေအတွက် သုံးသောင်းခုနှစ်ထောင်ကျော်၊ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးပြူးလွင်က တစ်သိန်းရှစ်သောင်းကျော်နဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။

အဲဒီစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

မနေ့က ည ၉ နာရီနဲ့ ၁၁ နာရီထုတ်ပြန်တဲ့ ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် ဟိုပန်နဲ့ မိုင်းယန်းအပြင် ဧရာဝတီ တိုင်းဒေသကြီးအတွက် ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်အတွက် အနိုင်ရတဲ့ ကိုယ်စားလှယ်စာရင်း ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ကြေညာပေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်နဲ့ မန္တလေး တိုင်းဒေသကြီးတွေမှာ နေရာအားလုံးနီးပါးမှာ အနိုင်ရသွားပါတယ်။ ရှမ်းပြည်နယ် ဟိုပန်မြို့နယ် မဲဆန္ဒနယ် (၁ ) (၂) မှာ ၀ ဒီမိုကရက်တစ်ပါတီက အနိုင်ရပါတယ်။

မန္တလေးတိုင်း မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူနဲ့ တိုင်းဒေသကြီး ကိုယ်စားလှယ်တွေ အတွက် အနိုင်ရသွားပါတယ်။ မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်ဟာ အန်အယ်လ်ဒီက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းက ယှဉ်ပြိုင်ခဲ့တဲ့နေရာဖြစ်ပါတယ်။

ကယားပြည်နယ် ဘောလခဲမြို့နယ်ကနေ တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်တဲ့ လက်ရှိပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ဦးအေးမောင်ကို ရှုံးနိမ့်ခဲ့ပါတယ်။ အရင်က ဦးစိုးသိန်းနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ကြိုတင်မဲတွေနဲ့ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမဲဆန္ဒနယ်က ရလဒ်ကို မနက်ဖြန် ကြေညာမှာ ဖြစ်တယ်လို့ လားရှိုးမြို့နယ် ကော်မရှင်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org