အင်္ဂပူမှာ NLD ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရ

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရဲ့ လွှတ်တော်နေရာအားလုံးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီနေ့၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပုသိမ်မြို့ NLD ရုံး‌ရှေ့မှာ အနိုင်ရလွှတ်တော်အမတ်တွေရဲ့စာရင်းကို ရေးမှတ်နေစဉ် Photo: Soe Thein/RFA

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရဲ့ လွှတ်တော်နေရာအားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီနေ့၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က အင်္ဂပူမြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကနေ အနိုင်ရခဲ့ပါတယ်။

ဒီနေရာကို USDP က ၂၀၁၀ ကနေ ၂၀၁၅ အထိ တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသိန်းအောင်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။  

တိုင်းလွှတ်တော်အမှတ် ၁ အတွက် NLD က  ၃၈၅၅၄ မဲ၊ USDP က ၂၄၇၁၁ မဲ၊ UBP က ၃၄၇ မဲ၊ ပြည်သူ့ပါတီ PP က ၂၇၂ မဲ အသီးသီးရရှိခဲ့တာပါ။

အင်္ဂပူမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် ၂ အတွက် NLD က ၃၆၆၃၃ မဲ၊ USDP က ၂၁၄၈၃ မဲ၊ UBP က ၅၃၆၀ မဲ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းက ၂၂၆၁ မဲနဲ့ PP က ၃၅၃ မဲ ရရှိခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အတွက် NLD က ၇၉၃၁၁ မဲ၊ USDP က ၄၅၂၀၁ မဲ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းက ၁၄၀၈ မဲ၊ PP  ၉၆၃ မဲ ရရှိခဲ့ပါတယ်။

ကြံခင်း၊ မြန်အောင်နဲ့ အင်္ဂပူမြို့နယ်တွေပါတဲ့ ဧရာဝတီတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၁ နေရာကို NLD က ၂၁၇၇၈၅ မဲ၊ USDP က ၉၇၆၈၃ မဲ၊ UBPက ၃၃၄၄ မဲ ရရှိခဲ့ပါတယ်။

အင်္ဂပူမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၄၈၅၅ ဦးရှိပြီး ၁၃၁၁၃၆ ဦး က ဆန္ဒမဲလာရောက်ပေးခဲ့ကာ ခိုင်လုံမဲ က ၁၂၈၇၇၅ မဲ ရရှိပြီး ပယ်မဲ က ၂၃၆၁ မဲ ရှိခဲ့ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org