မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်သင့်ကြောင်း NLD လူငယ်အဖွဲ့ တိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီ ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်သင့်ကြောင်း အန်အယ်လ်ဒီ လူငယ် လုပ်ငန်းများ ဖော်ဆောင်ရေး အဖွဲ့က ကြေညာချက် တစ်ရပ် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
-
2011-11-17 -
-
-
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်နှစ်ဦး NLD လက်ပတ်နီများ စည်းနှောင် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
တစ်နိုင်ငံလုံးမှာ ရှိတဲ့ အန်အယ်လ်ဒီ လူငယ်ထုရဲ့ သဘောထားကို သွားရောက် လှည့်လည် ကောက်ခံပြီး အခုလို ဘုံရပ်တည်ချက် သဘောထားကို ထုတ်ပြန်ရတာ ဖြစ်တယ်လို့ အန်အယ်လ်ဒီ လူငယ် လုပ်ငန်းများ ဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံ (၁) ကိုမျိုးညွန့်က
RFA ကို ဒီကနေ့ ပြောပါတယ်။
ကိုမျိုးညွန့် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီ လူငယ် လုပ်ငန်းများ ဖော်ဆောင်ရေး အဖွဲ့ဟာ မကြာသေးခင်ကပဲ မြန်မာနိုင်ငံ တဝှမ်းကို သွားရောက်ပြီး လူမှုရေး ကွန်ရက် အသီးသီး ချိတ်ဆက်ရေး လုပ်ငန်းတွေ စည်းရုံး လှုပ်ရှား ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။