နိုင်ငံရေးအကျဉ်းသားတွေရဲ့ကလေးများကို ပညာရေး အထောက်အပံ့ ပေးအပ်
နိုင်ငံရေးအကျဉ်းသားတွေရဲ့ သားသမီးတွေ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပညာရေး ထောက်ပံ့ ကူညီမှု အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်က ရုံးချုပ်မှာ ဒီကနေ့နေ့လည်က ကျင်းပခဲ့ပါတယ်။
-
2011-05-10 -
-
-
အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်က အားပေးစကား ပြောပြီး၊ ကျောင်းသား တယောက်ကို ကျပ်ငွေ ၄ သောင်းနှုန်းနဲ့ စုစုပေါင်း ကျောင်းသား အယောက် ၁၄၀ ကို ကူညီ လိုက်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အထွေထွေအတွင်းရေးမှုးရဲ့ ရုံးအဖွဲ့မှုး ဦးဝင်းထိန်က RFA ကို အခုလိုပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်က အားပေးစကားပြောတဲ့အခါမှာ ဒီ နိုင်ငံရေး ယုံကြည်ချက်နဲ့ လုပ်ရင်နဲ့ ထောင်ကျနေတဲ့သူတွေ စိတ်ဓါတ်မကျဘဲ အထဲမှာ ဆက်ပြီးရှိနေအောင်က ကလေးတွေရဲ့ ပညာရေးက အရေးကြီးတယ်။
မိဘတွေက ထောင်ကျသွားသော်လည်းဘဲ ပညာရေးနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ကျိုးစားပြီးတော့ ထူးချွန်အောင် လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အားပေးစကားပြောသွားတာပေါ့နော်။"
ထောက်ပံ့ကြေးရတဲ့ ကျောင်းသားတွေဟာ များသောအားဖြင့် မူလတန်းနဲ့အလယ်တန်း အရွယ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ NLD က အခုလို ပညာရေး ထောက်ပံ့ ကူညီနေတာ တနှစ်ကို တကြိမ်နှုန်းနဲ့ ဒီနှစ်ဆိုရင် ၁၀ နှစ်ဆက်တိုက် ရှိပြီလို့သိရပါတယ်။