စာနယ်ဇင်းရက်တိုသင်တန်း NLD ဖွင့်လှစ်ပို့ချမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ သတင်းနဲ့ စာနယ်ဇင်း ရက်တိုသင်တန်းတခုကို လာမဲ့ မေလ ၁၈ ရက်နေ့မှာ စတင် ဖွင့်လှစ်မယ်လို့ သတင်းရရှိပါတယ်။

စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။ AFP
အဲဒီသင်တန်းမှာ ဝါရင့် သတင်းစာဆရာကြီးတွေ ဖြစ်တဲ့ ဦးဝင်းတင်၊ ဦးသာဘန်း၊ ဦးမိုးသူ၊ ဦးအုန်းကြိုင်၊ ဖျာပုံနီလုံဦးနဲ့ မုံရွာအောင်ရှင်တို့က ပို့ချမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သင်တန်း ဖြစ်မြောက်ရေး ကူညီပံ့ပိုးနေတဲ့ NLD လူငယ်တာဝန်ခံ ကိုမျိုးညွန့်က RFA ကို အခုလို ပြောပါတယ်။

“၁၈ ရက်နေ့မှာ သင်တန်း ဖွင့်ပွဲ လုပ်မယ်။ သင်တန်းက ၅ ရက် ပြီးမှာ။ ကျွန်တော်တို့ ၁၈ ရက်နေ့က စပြီး ၂၂ ရက်ထိ သတင်းနဲ့ ပတ်သက်ပြီးတော့ သတင်းလှည့်နည်းပါ အကုန်လုံး ပါမယ်ပေါ့နော်။ နောက်ပြီးတော့ ကျွန်တော်တို့ စာနယ်ဇင်းဆိုတော့ အကုန်လုံး ပါတယ်ခင်ဗျ။ ကျွန်တော်တို့က သင်တန်းလို့ ဆိုပေမဲ့ အခုဟာက ဘယ်လိုပြောရမလဲ ဆိုလို့ ရှိရင် ဝပ်ရှော့သဘောမျိုးပါပဲ။”

သင်တန်းသားတွေကိုတော့ NLD လူငယ် အဖွဲ့ဝင်ထဲက တိုင်းနဲ့ ပြည်နယ်အလိုက် ခေါ်ထားပြီး တိုင်းတတိုင်း၊ ပြည်နယ်တခုကို ၃ ယောက်စီ တက်ခွင့်ရမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org