'ဝ'တပ်ဖွဲ့နယ်မြေမှာ ပြည်နယ် နဲ့ ပြည်သူ့လွှတ်တော် အတွက် ရွေးကောက်ပွဲဝင်မယ့်သူ မရှိသေး
ရှမ်းပြည်နယ် 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသထဲက 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ ထိန်းချုပ်နယ်မြေတွေကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ်ထားပေမယ့် ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်လှယ်လောင်း အမည်စာရင်းတင်သွင်းထား တာ မရှိသေးဘူးလို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် က ပြောပါတယ်။
-
2015-08-29 -
-
-
ရှမ်းပြည်နယ် 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသထဲက 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ ထိန်းချုပ်နယ်မြေတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ် ထားပေမယ့် ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်လှယ်လောင်း အမည်စာရင်းတင်သွင်းထားတာ မရှိသေးဘူးလို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
UWSA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ပန်ဆန်း၊ မိုင်းမော ၊ နားဖန်း၊ ပန်ဝိုင် ၄ မြို့နယ်တွေမှာ လက်ရှိအချိန်အထိ မဲဆန္ဒရှင်စာရင်းတွေ ကောက်ယူခွင့်မရှိသေးသလို အဲ့ဒီနယ်မြေတွေမှာ အခြေစိုက်တဲ့ပါတီတွေလည်း မရှိသေး ဘူးလို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးနှစ်ဆန်းဦးက ပြောပါတယ်။
"အမျိုးသားလွှတ်တော်ကကျတော့ ရှမ်းပြည်နယ်ထဲမှာ "ဝ" တိုင်းကျတော့ မဲဆန္ဒနယ် အမှတ်(၁၂) သတ်မှတ်ထားတာပေါ့၊ အခု စနေနေ့ မက်မန်းမှာတင်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ချည်းပဲ အမည်စာရင်းဝင်တာပေါ့၊ ကျန်တဲ့ ပန်ဆန်း၊ မိုင်းမော ၊ နားဖန်း၊ ပန်ဝိုင် အဲ့ဒီ ၄ မြို့နယ်ကတော့ အမည်စာရင်းတင်တာလည်း မရှိဘူးပေါ့၊ အဲ့ဒီမှာအခြေစိုက်တဲ့ပါတီတွေမရှိတော့ အဲ့ဒီ ၄ မြို့နယ်က အခုအချိန်အထိတော့ မဲစာရင်းလည်းမကောက်နိုင်ဘူး၊ ရွေးကောက်ပွဲအမည်စာရင်း တင်သွင်းတာ လည်းမရှိပါဘူး"
ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအမှတ် ၁၂ နေရာအတွက် UWSA ထိန်းချုပ်ရာ မြို့တွေဖြစ်တဲ့ ပန်ဆန်း၊ မိုင်းမော ၊ နားဖန်း၊ ပန်ဝိုင်အပါအဝင် ဟိုပန်၊ မက်မန်းမြို့နယ်တွေကို သတ်မှတ်ထားပါတယ်။
အဲ့ဒီမဲဆန္ဒနယ်မြေအတွက် အမျိုးသားလွှတ်တော်နေရာအတွက် 'ဝ' ဒီမိုကရက်တစ်ပါတီ၊ 'ဝ' အမျိုးသားစည်း လုံးညီညွတ်ရေးပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၂ ဦးတို့ဝင်ရောက် အရွေးချယ်ခံကြမှာဖြစ်ပါတ