လူမျိုးတုံးသတ်ဖြတ်မှု မရှိကြောင်း အမေရိကန်ပြော
မြန်မာအစိုးရက ရခိုင်ပြည်နယ်ရှိ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်တွေကို ရက်စက်စွာ ဖိနှိပ်ချုပ်ချယ်နေတယ်ဆိုတာ မှန်ကန်ပါတယ်၊ ဒါပေမဲ့ လူမျိုးတုံးသတ်ဖြတ်နေခြင်းတော့ မရှိပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနက တနင်္လာနေ့မှာ ပြောကြား လိုက်ပါတယ်။
-
2016-03-22 -
-
-
မြန်မာအစိုးရက ရခိုင်ပြည်နယ်ရှိ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်တွေကို ရက်စက်စွာ ဖိနှိပ်ချုပ်ချယ်နေတယ်ဆိုတာ မှန်ကန်ပါတယ်၊ ဒါပေမဲ့ လူမျိုးတုံးသတ်ဖြတ်နေခြင်းတော့ မရှိပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်လွှတ်တော်ကို တင်ပြတဲ့ အစီရင်ခံစာမှာ အခုလို ရိုဟင်ဂျာတွေကို အစုအပြုံလိုက်သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်မမှန်ဘူးလို့ နိုင်ငံခြားရေးဌာနအနေနဲ့ ဆုံးဖြတ်သတ်မှတ်ထားကြောင်း ဖေါ်ပြထားတယ်လို့ သိရပါတယ်။
မြန်မာပြည်မှာ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေက မွတ်စလင် ရိုဟင်ဂျာတွေကို အဲ့ဒီလို လူမျိုးတုံးအောင် သတ်ဖြတ်မှု ရှိ မရှိ လေ့လာစုံစမ်းပြီးတင်ပြဖို့ အမေရိကန်လွှွတ်တော်က နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို မနှစ်က ညွန်ကြားခဲ့ပြီးနောက် အခုလို အစီရင်ခံချက်ထွက်လာတာဖြစ်ပါတယ်။
တပြိုင်နက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ထိုင်းနိုင်ငံအပါအဝင် တခြားနိုင်ငံတွေကို တရားမဝင် သွားရောက်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားဦးရေ လျှော့နည်းသွားပြီး မြန်မာပြည်ရဲ့ အခြေအနေတွေ တိုးတက်လာမယ်လို့ မျှော်လင့်ကြောင်း ကုလနဲ့ ဥရောပနိုင်ငံတွေက တနင်္လာနေ့မှာ ထုတ်ဖေါ်ပြောကြားခဲ့ကြပါတယ်။