ရိုဟင်ဂျာ တိုင်းရင်းသား မရှိဘူးလို့ ပြည်ထဲရေးဝန်ကြီး ပြော

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ တိုင်းရင်းသားလုံးဝမရှိဘူးလို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က ဒီနေ့ ပြောကြားလိုက်ပါတယ်။

အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ ရန်ကုန်မြို့က NRPC မှာ သြဂုတ်လ ၂၉ ရက်နေ့က ရခိုင်အရေး သတင်းစာရှင်းလင်းစဉ် Photo: Kyaw Htet Kyaw/RFA

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ တိုင်းရင်းသား လုံးဝမရှိဘူးလို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က ဒီနေ့ ပြောကြားလိုက်ပါတယ်။

အစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေက တာဝန် ရှိသူတွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC  မှာ သံတမန်တွေနဲ့ တွေ့ဆုံစဉ် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အစွန်းရောက် အကြမ်းဖက်သမားတွေက နယ်မြေသိမ်းပိုက်မှုတွေ လုပ်ဆောင်ချင်တာကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ တုတ် ဓား စတဲ့လက်နက်တွေ လက်လုပ်မိုင်းတွေ ထောင် တာတွေ ပြုလုပ်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မဖြစ်မနေ ပစ်ခတ်တားဆီးရတာတွေရှိတယ်လို့လည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

အကြမ်းဖက်သမားတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီက လက်နက် ၆၅ လက်ကို ယူဆောင်သွားပြီး ၂၇လက်ကို ပြန်လည်ရရှိခဲ့ပေမယ့် ၃၈ လက် ကျန်ရှိနေသေးကြောင်းနဲ့ ဒီနေ့အထိ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၆၃ ယောက်ရှိကြောင်းလည်း ပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org