နိုဘယ်ဆုလျာထားခံရသူတွေထဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်

၂၀၂၂ ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် လျာထားခံရတဲ့ အမည်စာရင်းတွေထဲမှာ မြန်မာနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ NUG လည်း ပါဝင်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG


၂၀၂၂ ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် လျာထားခံရတဲ့ အမည်စာရင်းတွေထဲမှာ မြန်မာနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ NUG လည်း ပါဝင်နေတယ်လို့ ဖေဖော်ဝါရီလ ၁ ရက် ဒီကနေ့ထုတ် ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုလျာထားခံရတဲ့သူစာရင်းတွေကို ဆုရွေးချယ်ရေးအဖွဲ့က တရားဝင်ထုတ်ပြန်တာ မရှိပေမယ့် စာရင်းတွေပေါက်ကြားလာတာဖြစ်ပါတယ်။

အဲ့ဒီစာရင်းမှာ ဖော်ပြပါရှိသူတွေကတော့ ... ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ လူငယ် Greta Thunberg၊ ဗြိတိန်အသံလွှင့်သတင်းသမား David Attenborough၊ တူဗားလူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Simon Kofe၊ ဘဲလာရုဒ်နိုင်ငံက အတိုက်အခံ နိုင်ငံရေးသမား Sviatlana Tsikhanouskaya နဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ပါဝင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီပေါက်ကြားလာတဲ့ အမည်စာရင်းတွေနဲ့ ပတ်သက်လို့ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီဘက်ကတော့ ဘာမှပြောဆိုတာမရှိသေးဘူးလို့လည်း ဆိုပါတယ်။

လျာထားခံထားရသူတွေထဲက နိုဘယ်ဆုရရှိတဲ့သူကို အောက်တိုဘာလထဲမှာ ကြေညာမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org