အများပြည်သူပိုင်ပန်းခြံအဖြစ် သတ်မှတ်ပေးဖို့ မြောက်ဥက္ကလာ မှာ ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်က ကန်သာယာပန်းခြံကို အများပြည်သူပိုင်နေရာအဖြစ် ပြန်လည်သတ်မှတ်ပေး ဖို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူ ၅ဝဝ လောက်က ဒီကနေ့ တောင်းဆိုဆန္ဒပြကြပါတယ်။

မြောက်ဥက္ကလာပမြို့နယ်က ကန်သာယာပန်းခြံကို အများပြည်သူပိုင်နေရာအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ အောက်တိုဘာလ ၁၅ ရက်နေ့က တောင်းဆိုဆန္ဒပြကြစဉ် Photo: Kyaw Zaw Win/RFA

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်က ကန်သာယာပန်းခြံကို အများပြည်သူပိုင် နေရာအဖြစ် ပြန် လည်သတ်မှတ်ပေးဖို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူ ၅ဝဝ လောက်က ဒီကနေ့ တောင်းဆိုဆန္ဒပြကြ ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်ခိုက်လိုတာမဟုတ်ဘဲ အများပြည်သူ လွတ်လပ်စွာ သွားလာနိုင်တဲ့ ပန်းခြံ အဖြစ် ပြန်လည်ရရှိလိုတဲ့အတွက် ဆန္ဒပြတာဖြစ်တယ်လို့ မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက်မှာ နေထိုင်တဲ့ ကိုထင်ကျော် က ပြောပါတယ်။

"လုပ်ငန်းရှင်ကို ကျနော်တို့ကြိုဆိုတယ်၊ ထောက်ခံတယ်၊ သို့သော်အများပြည်သူပိုင်တဲ့၊ အများပြည်သူ အပန်းဖြေတဲ့နေရာတွေ ကို ရှောင်ဖို့လိုပါတယ်၊ ကျနော်တို့က ဒီလုပ်ငန်းရှင်ကို အလိုမရှိတာမဟုတ်ပါဘူး၊ ဒါနည်းလည်မှုလွဲမှာစိုးလို့လည်း ကျနော်ပြောချင်တယ်၊ လုပ်ပါ၊ ကျနော်တို့ထောက်ခံမယ်၊ အခြားလွတ်လပ် တဲ့နေရာ၊ ပြည်သူလူထုမထိခိုက်နိုင်တဲ့နေရာ၊ ပန်းခြံကို အခမဲ့ပြန်ပေးပါ၊ ဒီထဲကိုငွေကြေးပေးပြီးဝင်ရတာ တို့၊ ကလေးတွေကစားရတာတို့ကို မလိုချင်ပါဘူး၊ ဒီအတွက်ကျနော်တို့ ဒီနေ့လုပ်တာပါ"

ကန်သာယာပန်းခြံကို စီးပွားရေးလုပ်ငန်းရှင်တချို့က ၂ဝ၁၃ ခုနှစ်လောက်က သိမ်းယူထားပြီး အခုအချိန်မှာ ဈေး ဝယ်စင်တာတွေ၊ လက်မှတ်ဝယ်ယူကစားရတဲ့ ကစားကွင်းတွေ ဆောက်လုပ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ပန်းခြံနဲ့ကပ်လျှက်မှာရှိတဲ့ မီးသတ်ရေကန်နဲ့ သောက်သုံးရေကန်တွေကို အခုအခါမှာ အုတ်တံတိုင်း ကာရံလိုက်တာကိုလည်း ဆန္ဒပြသူတွေက ကန့်ကွက်ကြပါတယ်။

ဆန္ဒပြသူတွေဟာ မြောက်ဥက္ကလာပအဝိုင်းကနေ ကန်သာယာပန်းခြံအထိ ၄ မိုင်နီးပါး လမ်းလျှောက် ဆန္ဒပြကြ တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org