AA ခေါင်းဆောင်တွေ လုံခြုံရေးကြောင့် မြောက်ပိုင်းလေးဖွဲ့နဲ့ တေ့ွမယ့်နေရာ ညှိနေရတာလို့ ဦးဇော်ဌေးပြော

AA ရက္ခိုင့်တပ်မတော် ခေါင်းဆောင်တွေဘက်က လုံခြုံရေးအခြေအနေ စိုးရိမ်နေတဲ့အတွက် မြောက်ပိုင်း လေးဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ တေ့ွဆုံမယ့်နေရာကို ညှိနှိုင်းနေတာဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီနေ့ ပြောပါတယ်။

သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကို ၂ဝ၁၉ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

AA ရက္ခိုင့်တပ်မတော် ခေါင်းဆောင်တွေဘက်က လုံခြုံရေးအခြေအနေ စိုးရိမ်နေတဲ့အတွက် မြောက်ပိုင်း လေးဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ တေ့ွဆုံမယ့်နေရာကို ညှိနှိုင်းနေတာဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီနေ့ ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံတမန်တွေနဲ့ ဒီနေ့ နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ တွေ့ဆုံပွဲအပြီးမှာ ဦးဇော်ဌေးက သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

AA ခေါင်းဆောင်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး မှဲ့တစ်ပေါက်မှ မစွန်းစေရဘူးလို့ တပ်မတော်က အာမခံထားကြောင်းလည်း ဦးဇော်ဌေး က ပြောပါတယ်။

AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခကတော့ တေ့ွဆုံမယ့်နေရာ ညှိနှိုင်းနေတာဟာ AA အဖွဲ့ခေါင်းဆောင်တွေရဲ့ လုံခြုံရေးတစ်ခုတည်းကြောင့် မဟုတ်ဘဲ မြောက်ပိုင်း လေးဖွဲ့စလုံးရဲ့ဆန္ဒအရ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

အရင်က မြောက်ပိုင်း လေးဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ တွေ့ဆုံပွဲကို ဒီနေ့ စတင်ကျင်းပဖို့ လျာထားတာဖြစ်ပြီး နေရာညှိနှိုင်းနေဆဲဖြစ်တာကြောင့် ရက်ရွှေ့ဆိုင်းထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org