ဒေါ်အောင်ဆန်းစုကြည် ပန်းခြံနဲ့ ရုပ်တုဖွင့်ပွဲ နော်ဝေမှာ ကျင်းပ


2016.06.19
dassk-status-norway-620.jpg နော်ဝေနိုင်ငံ Froland မြို့က ဒေါ်အောင်ဆန်းစုကြည် ပန်းခြံမှာထားတဲ့ ရုပ်တုကို ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Aung San Suu Kyi Park Norway(facebook)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် နော်ဝေနိုင်ငံ Froland မြို့မှာ ဒေါ်အောင် ဆန်းစုကြည် ပန်းခြံနဲ့ ရုပ်တုဖွင့်ပွဲကို ဒီနေ့ ကျင်းပပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရုပ်တုကို ကိုငယ်ဇော်က ထုလုပ်ပြီး အခမ်းအနားကို နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံ သားတွေသာမက ဒိန်းမတ်လို အိမ်နီးချင်းနိုင်ငံတွေမှာရောက်ရှိတဲ့ ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ မွန်စတဲ့ တိုင်းရင်း သားတွေလည်း တက်ရောက်ပြီး အဆို၊ အတီး၊ အကတွေနဲ့ ဖော်ဖြေပါတယ်။

မွန်းလွဲတစ်နာရီလောက်က စတင်ကျင်းပတဲ့ ဒီအခမ်းအနားကို နော်ဝေတာဝန်ရှိသူတွေ၊ နော်ဝေနိုင်ငံဆိုင် ရာ မြန်မာသံအမတ် မြန်မာ့အရေးစိတ်ဝင်စားသူတွေနဲ့ မြန်မာနိုင်ငံသားတွေ စုစုပေါင်း တစ်ထောင်လောက် တက်ရောက်ကြပါတယ်။

ဒီအကြောင်းကို ၁၉၉ဝ ပြည့်နှစ် ယင်းမာပင်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုသောင်းကို အခမ်းအနား ကျင်းပနေချိန်မှာ ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။